စပိန်နိုင်ငံ မြောက်ပိုင်းမှာ ကျင်းပလေ့ရှိတဲ့ နာမည်ကျော် နွားရိုင်းပြိုင်ပွဲရဲ့ ပထမနေ့မှာပဲ သွေးထွက်သံယို ဒဏ်ရာရသူ ၃ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ဦးခေါင်း ဒဏ်ရာရသူ ၂ ယောက်ရှိတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
ပွဲရဲ့ နောက်ဆုံးအချိန်အတွင်းမှာပဲ အမျိုးသားတဦးဟာ နွားတိုက်ကွင်းအတွင်းက ကျဉ်းမြောင်းတဲ့လမ်းမှာ ဒဏ်ရာ ရှိခဲ့တာကြောင့် အရေးပေါ်ကားနဲ့ ချက်ချင်းဆေးရုံကို ပို့ဆောင်ခဲ့ရပါသေးတယ်။
ဒီပွဲမှာ ထောင်ပေါင်းများစွာသော လူတွေဟာ အဖြူရောင်ဝတ်စုံကို အနီရောင် လည်ပင်းပတ်နဲ့ တွဲဖက်ဝတ်ဆင်ပြီး ပွဲကျင်းပမယ့် နေရာမှာ စုဝေးကာ နွားရိုင်းတွေကို သူတို့နောက် လိုက်စေပါတယ်။ ဒါဟာ စပိန်နိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတပွဲ ဖြစ်ပြီး မနက်ခင်းက စလို့ နွားတိုက်ကွင်းလို့ ခေါ်တဲ့ နေရာမှာ စုရုံးကျင်းပကြတာဖြစ်ပါတယ်။
သာမန် ဒဏ်ရာရရှိသူ ၅၃ ယောက် ရှိနေပြီး အဆင်သင့်ထားရှိတဲ့ ကြက်ခြေနီအဖွဲ့က ဆေးကုသပေးခဲ့ပါတယ်။ နွားရိုင်းပွဲမှာ လူတွေဟာ ဒဏ်ရာရလေ့ ရှိပေမယ့် ၂၀၀၉ ခုနှစ်က စလို့ အသေအပျောက်တော့ မရှိတော့ဘူးလို့ သိရပါတယ်။
ဒီနှစ်အသုံးပြုတဲ့ နွားတွေဟာ Puerto de San Lorenzo က နွားရိုင်းတွေဖြစ်ပြီး ၂၀၁၈ ခုနှစ်ပွဲမှာတော့ ပထမနေ့မှာ သွေးထွက်သံယိုဖြစ်သူ ၁ ဦးသာ ရှိခဲ့ပေမယ့် ဒီနှစ်မှာ ၃ ယောက်ခန့် ရှိနေတာ ဖြစ်ပါတယ်။ ဒီပွဲကို ဝင်ရောက်ဆင်နွှဲတဲ့ ဒေသခံနဲ့ နိုင်ငံတကာက ခရီးသွားတွေဟာ တနင်္ဂနွေနေ့ မနက် ၈ နာရီမှာ ပွဲကို စတင်ခဲ့ပြီး လာမယ့် ရက်သတ္တပတ်ရဲ့ တနင်္ဂနွေအထိ မနက်တိုင်း ဆင်နွှဲကြမှာ ဖြစ်ပါတယ်။
Ref. Reuters.com
You may also like these stories:
ကလေးတွေကို မကောင်းဆိုးဝါး အန္တရာယ်ကနေ ကင်းဝေးစေဖို့ ပြုလုပ်လေ့ရှိတဲ့ စပိန်နိုင်ငံက ပွဲတော်
စပိန်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ လူတွေနဲ့ဆောက်တဲ့ မျှော်စင်ပွဲတော်