ရာသီဥတု ဆိုးရွားနေချိန် ဒါမှမဟုတ် မိုးသည်းသည်းထန် ထန်ရွာသွန်းနေတဲ့ ရက်မျိုးမှာ ဆောက်လုပ်ရေးလုပ်သားတွေ အပါအဝင် အမိုးအကာ မရှိတဲ့ ဟင်းလင်းပြင်မှာ အလုပ်လုပ်ရတဲ့ လုပ်သားတွေကို လုပ်ခ ၂ ဆ ပေးရမယ်ဆိုတဲ့ ဥပဒေသစ်ကို ထုတ်ပြန်လိုက်ပါပြီ။
ဒီဥပဒေမှာဆိုရင် မိုးသည်းထန်စွာ ရွာသွန်းတဲ့ နေ့ရက်တွေမှာ အလုပ်သမားတွေအနေနဲ့ အလုပ် မလုပ်ချင်ရင် အိမ်ပြန် နားနေခိုင်းတာမျိုးနဲ့ အလုပ်လုပ်မယ့် အလုပ်သမားတွေကိုတော့ လုပ်ခရဲ့ ၂ ဆ အထိ တိုးမြှင့်ပေးရမယ်လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ဒီဥပဒေကြောင့် ရာသီဥတု ဆိုးရွားနေချိန်မျိုးမှာ အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေကို အတင်းအကြပ်ခိုင်းစေလို့ ရမှာ မဟုတ်တဲ့အပြင် လုပ်ခ ၂ ဆပေးပြီး အလုပ်လုပ်ခိုင်းပေမယ့် အလုပ်သမားတွေက အလုပ်လုပ်ဖို့ ဆန္ဒ မရှိဘူးဆိုရင်လည်း အတင်းအကြပ်ခိုင်းစေလို့ မရနိုင်ပါဘူး။
သြစတြေးလျနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းရင် လေပြင်းတွေပါ တိုက်ခတ်ပြီး အအေးနှုန်းကလည်း သုည ဒီဂရီအထိ ကျဆင်းသွားတတ်တာကြောင့် ဟင်းလင်းပြင်မှာ လုပ်ကိုင်ရတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ၊ သတ္တု တူးဖော်ရေးသမားတွေနဲ့ ယဉ်ထိန်းရဲ၊ လုံခြုံရေး စတဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံမှုကို စိုးရိမ်တဲ့အတွက် ဒီဥပဒေကို ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီလို ဥပဒေမျိုး ချမှတ်လိုက်တဲ့အတွက် ရာသီဥတု ဆိုးရွားနေချိန်မျိုးမှာ ဖြစ်တတ်တဲ့ လုပ်ငန်းခွင် မတော်တဆမှုတွေကို လျှော့ချနိုင်တဲ့အပြင် ရာသီဥတုကြောင့် လျှပ်စစ် ဘေးအန္တရာယ်ဖြစ်ပြီး အသက်ဆုံးရှုံးရမှု အန္တရာယ်တွေကနေလည်း ကြိုတင် ကာကွယ်နိုင်မယ်လို့ သိရပါတယ်။
အလုပ်ရှင်တွေအနေနဲ့ ရာသီဥတု ဆိုးရွားမှုကြောင့် အလုပ်မပြီးမြောက်တဲ့အခါ အလုပ်သမားတွေရဲ့ လုပ်ခ လစာကို လျှော့ပေါ့ပေးလို့ရမှာ မဟုတ်ဘဲ မိုးရွာသွန်းမှုကြောင့် အလုပ် မလုပ်နိုင်တဲ့အခါမျိုးမှာလည်း ပုံမှန်လစာကို ပေးအပ်နေရမှာလည်း ဖြစ်ပါတယ်။
အသစ်ထုတ်ပြန်လိုက်တဲ့ ဒီဥပဒေကြောင့် အခြေခံလုပ်သားတွေအနေနဲ့ စိတ်ကျေနပ်မှု ရရှိနေကြပြီး ဟင်းလင်းပြင်မှာ လုပ်ကိုင်နေရတာ မဟုတ်တဲ့ ရုံးဝန်ထမ်းတွေအနေနဲ့လည်း ဒီဥပဒေဟာ ဝန်ထမ်းအားလုံးအပေါ် သက်ရောက်မှုရှိစေဖို့ ဆန္ဒရှိနေကြပါတယ်။
Ref. www.msn.com
You May Also Like These Stories:
ပန်းချီ ခင်မေကြည်ရဲ့ သြစတြေးလျ နဲ့ မြန်မာရနံ့ပန်းချီကားများ
ထမ့်လုံဂူ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့တဲ့ သြစတြေးလျနိုင်ငံသားများ ဆုချီးမြှင့်ခံရ