အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ထူးခြားဆန်းပြားတာတွေ အများကြီး ဖြစ်ပျက်နိုင်ပါတယ်။ ဥပမာ Gamer ကောင်မလေး ချိုးတဲ့ ရေကို အမျိုးသား ပရိသတ်တွေ ဝယ်ယူတာမျိုးတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က Belle Delphine လို့ အမည်ရတဲ့ အင်္ဂလန်အခြေစိုက် လူမှုကွန်ရက် အသုံးပြုသူ မိန်းကလေးဟာ သူချိုးထားတဲ့ ရေ ၁ ဘူးကို အမေရိကန်ဒေါ်လာ ၃၀ (မြန်မာကျပ်ငွေ ၄ သောင်း ၅ ထောင်ခန့်) နဲ့ ရောင်းချခဲ့ပါတယ်။
ဒီရေဟာ ၂ ရက်အတွင်းမှာ ရောင်းကုန်သွားပြီးနောက် ဝယ်ယူသူအများအပြားဟာ အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံပိုင် သတင်းစာတွေမှာ ဒီလို ချိုးရေ ရောင်းချမှုဟာ အန္တရာယ်ရှိတာ ဒါမှမဟုတ် ရောဂါပိုး ပါဝင်တာတွေ ဖြစ်တတ်တယ်လို့ ဝေဖန်ပြောဆိုထားပေမယ့် သူမကတော့ ရေဝယ်ယူသွားတဲ့ ဘယ်သူ တဦးတယောက်ကမှ ဖျားနာတာ၊ ဆေးရုံရောက်တာမျိုး မရှိသေးဘူးလို့ ပြန်လည် ချေပထားပါတယ်။
နောက်ပြီး တွစ်တာ အသုံးပြုသူ တယောက်ကတော့ သူမ ရောင်းချထားတဲ့ ရေဟာ အမှန်တကယ် ရေချိုးထားတဲ့ ရေမဟုတ်ကြောင်းနဲ့ ရေထဲမှာ လူတယောက်ရဲ့ DNA နဲ့ တူတာ အရိပ်အယောင်တောင် မတွေ့ရကြောင်း တင်ထားပြီးတဲ့ နောက်မှာ သူမရဲ့ ချိုးရေဝယ်သူ အချို့က တရားစွဲဆိုဖို့ ရှိနေတယ်လို့ သိရပါတယ်။
သူမဟာ နာမည်ကြီးဖို့ သက်သက်နဲ့ ပြုလုပ်ခဲ့တဲ့ ကိစ္စတွေ အများကြီးရှိကြောင်း လူမှုကွန်ရက် အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။ မကြာသေးခင်ကလည်း သူမဟာ ညစ်ညမ်း ဝက်ဘ်ဆိုက်တခုမှာ သူမရဲ့ တရားဝင်အကောင့်ကို ဖွင့်ထားခဲ့ပြီး ညစ်ညမ်းဗီဒီယို မဟုတ်ပေမယ့် အလားတူ သဘောမျိုးရှိတဲ့ ဗီဒီယိုတွေကို တင်ခဲ့တယ်လို့ သိရပါတယ်။
သူမရဲ့ ချိုးရေ ရောင်းကောင်းရတဲ့ အကြောင်းအရင်းကတော့ ဂိမ်းဆော့တဲ့ အမျိုးသမီး နည်းပါးတာကြောင့် ဖြစ်တယ်လို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။ အမျိုးသားတွေ အနေနဲ့ ဂိမ်းဆော့တဲ့ အမျိုးသမီးတွေကို တွေ့ရင် အရမ်းသဘောကျ ပြီး ဘာပဲလုပ်လုပ် အားပေးကြတာကြောင့် သူမအနေနဲ့ အခုလို လုပ်ပြီး ပိုက်ဆံရှာနိုင်တာ ဖြစ်တယ်လို့ ဝေဖန်သူတွေက မှတ်ချက်ပေးထားကြပါတယ်။
ပြီးခဲ့တဲ့ လတွေမှာလည်း မိန်းကလေး အဆိုတော် အဖွဲ့တဖွဲ့ရဲ့ ချိုူးရေ ရောင်းချမှု ဂယက်ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရိုက်ခတ်ခဲ့ပါသေးတယ်။
Ref. kotaku.com
You may also like these stories:
ဂိမ်းကစားသူ (Gamer) တွေအပေါ် လူတွေထင်မြင်တတ်ကြတဲ့ အယူအဆအလွဲများ
YouTube ကနေ တနှစ် ဒေါ်လာ ၂၂ သန်း ရရှိနေတဲ့ ကလေးငယ်