ကမ္ဘာ့ဂင်းနစ် မှတ်တမ်းစာအုပ်ကို ၁၉၅၅ ခုနှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ထုတ်ဝေခဲ့ပြီး နှစ်စဉ်နှစ်တိုင်း လိုလိုမှာ ထူးထူးခြားခြားဖြစ်ရပ်တွေ၊ လူထူးလူဆန်းတွေအကြောင်းကို မှတ်တမ်းတင်ထားတာလည်း ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ၂၀၁၉ ခုနှစ်ရဲ့ ထူးထူးခြားခြား ဂင်းနစ်စံချိန်ဝင်တွေအကြောင်းပဲ ဖြစ်ပါတယ်။
(၁) ဂျပန်နိုင်ငံ ၊ တိုကျိုမြို့မှာနေထိုင်တဲ့ Sumi Rock ဆိုတဲ့ အသက် ၈၃ နှစ်အရွယ် အဘွားအိုဟာ လက်ရှိအချိန်ထိ DJ တီးခတ်နေဆဲဖြစ်တာကြောင့် ကမ္ဘာ့အသက်အကြီးဆုံး DJ တီးခတ်သူအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။
(၂) အိုင်ယာလန်နိုင်ငံသား Barry John Crowe ဟာဆိုရင်တော့ တမိနစ်အတွင်းမှာ Sausage ပေါင်း ၇၈ ခုကို ပြုလုပ်နိုင်တာကြောင့် Sausage အမြန်ဆုံး လုပ်နိုင်သူအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။
(၃) Bibi ဆိုတဲ့ မလေးရှားနိုင်ငံက ကြောင်လေးကတော့ တခုပေါ်တခု ထပ်ထားတဲ့ အန်စာတုံး ၉ ခုကို သူ့ရဲ့ ခြေချောင်းပေါ်မှာ အချိန်အတန်ကြာအထိ ပြုတ်မကျအောင် ထိန်းထားနိုင်တဲ့အတွက် ဒီနှစ်ရဲ့ ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။
(၄) UK နိုင်ငံ Cardiff မြို့မှာနေထိုင်တဲ့ Ash Randall ဆိုတဲ့ အမျိုးသားကတော့ သွားနေတဲ့ ကားတစင်းရဲ့ ခေါင်မိုးပေါ်မှာ လဲလျောင်းပြီး ဘောလုံးတလုံးကို ပြုတ်မကျအောင် သူ့ရဲ့ခြေထောက်တွေနဲ့ ကြာချိန် ၉၃ စက္ကန့်အထိ ထိန်းထားနိုင်တာကြောင့် ၂၀၁၉ ခုနှစ်ရဲ့ ဂင်းနစ်မှတ်တမ်း ဝင်ခဲ့ပါတယ်။
(၅) ဂျပန်လူမျိုး ဖက်ရှင်ဒီဇိုင်နာ တဦးဖြစ်သူ Kazuhiro Watanabe ကတော့ သူ့ရဲ့ဆံပင်ကို ၃ ပေ ၈ လက်မကျော်အထိ ထောင်ထားနိုင်တာကြောင့် ဂင်းနစ်စံချိန် ဝင်ခဲ့ပါတယ်။
(၆) အသက် ၁၉ နှစ်အရွယ် အိန္ဒိယလူမျိုး အမျိုးသမီးတဦးဖြစ်တဲ့ Jyoti Amge ကတော့ အရပ် ၂၄ ဒဿမ ၇ လက်မ သာရှိတာကြောင့် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာဆိုရင် ၂၀၁၁ ခုနှစ်လောက်ကတည်းက ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ သူမ စံချိန်ကို ချိုးနိုင်တဲ့သူ မရှိသေးပါဘူး။
(၇) Chris Walton ဆိုတဲ့ အမျိုးသမီးကတော့ ၁၈ နှစ်လုံးလုံံး လက်သည်းတွေကို မညှပ်ဘဲ ထားခဲ့ရာကနေ လက်ရှိ အချိန်မှာတော့ သူမရဲ့ လက်သည်းတွေဟာ ၁၀ ပေ ၂ လက်မခန့် ရှည်လျားနေပြီဖြစ်တာကြောင့် ကမ္ဘာ့လက်သည်းအရှည်ဆုံး လူသားအဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Ref. www.news18.com
You may also like these stories:
ဂင်းနစ် မှတ်တမ်းဝင်တော့မယ့် ကမ္ဘာ့အရှည်ဆုံး Water Slide
ရေငုပ်သမား ၆၃၃ ဦးနဲ့ စံချိန်တင် ရေအောက် သန့်ရှင်းရေးပြုလုပ်
ဂင်းနစ်မှတ်တမ်းဝင် သဲနဲ့ တည်ဆောက်တဲ့ ကမ္ဘာ့အမြင့်ဆုံး ရဲတိုက်