လူသားတွေရဲ့ နေ့စဉ်ဘဝမှာ ရေဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာပါ။ ဒါကြောင့်လည်း နေ့စဉ် အသုံးပြုနေတဲ့ ရေအရင်းအမြစ်က သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အသန့်ရှင်းဆုံး မြစ်တွေရဲ့အကြောင်းပဲ ဖြစ်ပါတယ်။
(၁) Thames မြစ်
Thames မြစ်ဟာ အင်္ဂလန်နိုင်ငံရဲ့ ဒုတိယ အရှည်လျားဆုံးမြစ် ဖြစ်ပြီး ၂၁၅ မိုင်ရှည်တဲ့ မြစ်တစင်း ဖြစ်ပါတယ်။ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှုတွေ အမြင့်ဆုံးဖြစ်နေတဲ့ အခုလိုအချိန်မှာ Thames မြစ်ဟာ ကမ္ဘာ့အသန့်ရှင်းဆုံး မြစ်တွေထဲမှာ ပထမ နေရာက ရှိနေပါတယ်။
(၂) Drina မြစ်
ဥပရောမှာ တည်ရှိတဲ့ Drina မြစ်ကတော့ ၃၄၆ ကီလိုမီတာ(၂၁၅မိုင်) ရှည်လျားတဲ့ မြစ်တစင်းပါ။ ကမ္ဘာပေါ်မှာအသန့်ရှင်းဆုံး မြစ်စာရင်းထဲမှာပါဝင်တဲ့ Drina မြစ်ကို လူတွေက ဥရောပရဲ့ ရတနာတပါးလို့လည်း တင်စား ခေါ်ဝေါ်လေ့ ရှိကြပါတယ်။
(၃) Torne မြစ်
Trone မြစ်ကတော့ ဆွီဒင်နိုင်ငံမြောက်ပိုင်းနဲ့ ဖင်လန်နိုင်ငံအတွင်းမှာရှိတဲ့ မြစ် တစင်းပါ။ နိုင်ငံ ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ မြစ်တစင်းဖြစ်သလို ကမ္ဘာ့အသန့်ရှင်းဆုံး မြစ်စာရင်းတွေထဲက မြစ်တစင်းလည်း ဖြစ်ပါတယ်။
(၄) Li မြစ်
တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ Li မြစ်ကလည်း ကမ္ဘာ့အသန့်ရှင်းဆုံး မြစ်တွေထဲက တစင်း အပါအဝင် ဖြစ်ပါတယ်။ တနိုင်ငံအတွင်းက မြစ်အများစုဟာ သန့်ရှင်းမှု မရှိကြပေမယ့် Li မြစ်ကတော့ ကမ္ဘာ့အသန့်ရှင်းဆုံး မြစ်စာရင်းထဲ ပါဝင်နိုင်ခဲ့ပါတယ်။
Ref. greendiary.com
You may also like these stories:
ကမ္ဘာ့တတိယ အသန့်ရှင်းဆုံးကျေးရွာ
၂၀၁၉ ခုနှစ်ရဲ့ အထူးခြားဆုံး ကမ္ဘာ့ဂင်းနစ် စံချိန်ဝင်များ