လူတော်တော်များများရဲ့ အိပ်မက်ဟာ အာကာသထဲကို ရောက်ဖူးချင်ကြတာပါ။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် တိရစ္ဆာန်တွေကတော့ အာကာသထဲကို အမှန်တကယ် ရောက်ဖူးကြတဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။
(၁) Albert I နဲ့ Albert II
အာကာသထဲကို ပထမဆုံး ပို့ခံရတဲ့ မျောက်နာမည်ကတော့ Albert I ဖြစ်ပါတယ်။ မျောက်အထီးဖြစ်ပြီး ၁၉၄၈ ခုနှစ်က ပို့လွှတ်ခြင်းကို ခံခဲ့ရတာပါ။ သူ့ကို တကယ့် အာကာသထဲ ပို့လွှတ်တာမျိုးတော့ မဟုတ်ပေမယ့် လေထုထဲကို ပို့လွှတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပို့လွှတ်ခြင်းကို ခံနိုင်ရုံတင်မက အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ နောက်တကောင်ကတော့ Albert II ဖြစ်ပြီး ၁၉၄၉ ခုနှစ်မှာ ပို့လွှတ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ သေဆုံးသွားခဲ့ရပါတယ်။
(၂) ကြွက်ကလေးများ
၁၉၅၀ နောက်ပိုင်းမှာ ကြွက်တွေကို အာကာသထဲ ပို့လွှတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ဟာ ခံနိုင်ရည်မရှိတာကြောင့် Albert II လိုပဲ လမ်းမှာတင် သေဆုံသွားခဲ့ကြပြီး သူတို့ရဲ့ တာဝန်ကို အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
(၃) Tsygan and Dezik
အာကာသထဲကို ပို့လွှတ်ခံရတဲ့ အဆင့်မြင့်နေထိုင်သူ သက်ရှိတွေထဲမှာ Tsygan နဲ့ Dezik လို့ အမည်ရတဲ့ ခွေး ၂ ကောင်ကို ချန်ခဲ့လို့ရမယ် မထင်ပါဘူး။ သူတို့ကို ရုရှားနိုင်ငံပိုင် အာကာသယာဉ်နဲ့ ၁၉၅၁ ခုနှစ် သြဂုတ်လမှာ ပို့လွှတ်ခဲ့ပါတယ်။ ဝမ်းနည်းစရာကတော့ Dezik ဟာ ဒုတိယယာဉ် ချဉ်းကပ်လာတဲ့ အချိန်မှာ သေဆုံးခဲ့ပါတယ်။
(၄) Able and Baker
Able နဲ့ Baker လို့ အမည်ရတဲ့ မျောက်လေးတွေ ကိုတော့ ၁၉၅၉ ခုနှစ်မှာ ပို့လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ပို့လွှတ်မှု အောင်မြင်ပြီး အသက်ရှင်ခဲ့တဲ့ မျောက်တွေလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။ Able ကတော့ အာကာသထဲရောက်ပြီး ၄ ရက် အတွင်းမှာ သေဆုံးခဲ့ပေမယ့် Baker က ကမ္ဘာပေါ်ပြန်ရောက်တဲ့အထိ အသက်ရှင်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အထိ အသက်ရှင်နေထိုင်ခဲ့တဲ့ Baker ရဲ့ ရုပ်အလောင်းကို အမေရိကန် အာကာသနဲ့ ဒုံးပျံဌာနမှာ မြှုပ်နှံခဲ့ပြီး သူ့ကို ချစ်တဲ့ သူတွေက အခုထိ သူရဲ့ အုတ်ဂူမှာ ငှက်ပျောသီးတွေ သွားရောက်ထားလေ့ရှိတယ်လို့ သိရပါတယ်။
၁၉၆၀ ခုနှစ် နောက်ပိုင်းမှာလည်း ယုန်၊ ခွေး၊ ချင်ပန်ဇီ၊ ဖား၊ ပူး နဲ့ ပင့်ကူစတဲ့ သတ္တဝါတွေကို အာကာသထဲ လွှတ်ခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။
Ref. rd.com