တပတ် တပတ်ကို ရုံးပိတ်ရက် မျှော်နေတတ်တဲ့ ဝန်ထမ်းတွေအတွက်တော့ ဂျပန်နိုင်ငံက ဂျပန်ကုမ္ပဏီတွေက သတင်းကောင်းတခုနဲ့အတူ အစီအစဉ်သစ်တခုကို အကောင်အထည် ဖော်ပေးလိုက်ပါပြီ။
လက်ရှိမှာတော့ ဂျပန်နိုင်ငံက ကုမ္ပဏီတိုင်းလိုလိုမှာ မဟုတ်ပေမယ့် တချို့သော ကုမ္ပဏီတွေမှာတော့ တပတ်ကို ၄ ရက် အလုပ်လုပ်ပြီး ၃ ရက်ပိတ်မယ့် စနစ်ကို စတင်ကျင့်သုံးနေပြီး ဒီလို တရက် ပိုပိတ်လိုက်တဲ့အတွက်ကြောင့် လစာတွေကို လျှော့ချသွားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
ဂျပန်နိုင်ငံက ကုမ္ပဏီအများစုဟာ အလုပ်ချိန်များပြီး စည်းကမ်းတင်းကြပ်တာကြောင့် ဝန်ထမ်းတွေအနေနဲ့ စိတ်ဖိစီးမှုများပြီး အလုပ်မှာ မပျော်မရွှင်ဖြစ်လာရခြင်းကို အခုလိုပြောင်းလဲလိုက်တဲ့ စနစ်သစ်က အကျိုးပြုစေနိုင်မှာလည်း ဖြစ်ပါတယ်။
လတ်တလောမှာတော့ ကုမ္ပဏီ အနည်းစုမှာသာ ဒီစနစ်ကို စတင်ကျင့်သုံးနေတာဖြစ်ပေမယ့် လာမယ့်လ အနည်းငယ်မှာတော့ ကုမ္ပဏီတိုင်းလိုလိုမှာ ကျင့်သုံးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
တပတ်ကို ၄ ရက်အလုပ်လုပ်ပြီး ၃ ရက်ပိတ်မယ့် ဒီအစီအစဉ်မှာတော့ ဝန်ထမ်းတွေဟာ တရက်ကို ၁၀ နာရီခန့် အလုပ်လုပ်ကြရမှာလည်း ဖြစ်ပါတယ်။ အလုပ်ချိန် ၁၀ နာရီဆိုတဲ့အချိန်ဟာ တနေ့တာလုံး လုပ်ငန်းခွင်ထဲမှာပဲ အချိန်ကုန်ဆုံးနေရတာကြောင့် အလုပ်လုပ်နေရတဲ့ ၄ ရက်တာမှာတော့ စိတ်ဖိစီးမှုတွေများလာနိုင်သလို မိသားစုအတွက် အချိန်မပေးနိုင်တာ၊ အိမ်မှုကိစ္စတွေအတွက် မအားလပ်တာမျိုးတွေတော့ ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ တဖက်ကနေ ပြန်ကြည့်မယ်ဆိုရင်လည်း ရက်သတ္တပတ်တပတ်ရဲ့ ပိတ်ရက် ၂ ရက်မှာ တရက်တိုးလာတဲ့အတွက်ကြောင့် မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေအတွက် အချိန်ပိုပေးဖြစ်နိုင်သလို စိတ်ရောလူပါအနားရပြီး မိမိကိုယ်ပိုင် အချိန်တွေလည်း ပိုထွက်လာနိုင်ပါတယ်။
ပိတ်ရက် ၃ ရက်မှာ ကောင်းကောင်းအနားယူပြီး ကျန်တဲ့ ၄ ရက်မှာ အားအင်အပြည့်နဲ့ အလုပ်လုပ်နိုင်မယ့် ဒီစနစ်ဟာ ဂျပန်နိုင်ငံမှာ ဆက်လက် တည်တံ့နေဦးမလား ဆိုတာကတော့ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။
Ref. brightside.me
You May Also Like These Stories:
ကြောင်ချစ်သူတွေအတွက် ရည်ရွယ်ပြီး ကြောင်ပုံစံတူ ဖိနပ်တွေကို ထုတ်လုပ်လိုက်တဲ့ ဂျပန်ကုမ္ပဏီ
Bubble Tea နဲ့ ထမင်းချက်စားတဲ့ ဂျပန်အမျိုးသား
ဂျပန်နိုင်ငံမှာသာ တွေ့ရမယ့် ထူးထူးခြားခြား အချက် ၈ ချက်