လေ့လာချက်တွေအရ အသက် ၄၀ ကျော်သူတွေဟာ တပတ်မှာ ၃ ရက်လောက်ပဲ အလုပ်လုပ်သင့်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်က မဲလ်ဘုန်း အလုပ်သမားသတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးထဲမှာ အသက် ၄၀ ကျော်သူတွေအတွက် တပတ်ကို ၃ ရက်လောက်ပဲ အလုပ်လုပ်တာဟာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရစေတယ်လို့ ဖော်ပြထားပါတယ်။
ဒီအချက်ကလည်း မဲလ်ဘုန်းတက္ကသိုလ် Applied Economics နဲ့ Social Research က ရှာတွေ့ခဲ့တဲ့ အချက်အလက်တွေကို မှီးငြိမ်းပြီး ရေးသားထားတာပါ။ လေ့လာချက်မှာ အမျိုးသား ၃,၀၀၀ နဲ့ အမျိုးသမီး ၃,၅၀၀ ကို အသေးစိတ် လေ့လာခဲ့ပြီးမှ အခုလို အဖြေထွက်လာခဲ့တာပါ။
လေ့လာသူတွေဟာ အသက် ၄၀ ကျော်သူတွေရဲ့ မိသားစုအရေး၊ ကျန်းမာရေး၊ စိတ်ဖိစီးမှု အခြေအနေ၊ စီးပွားရေး အခြေအနေကို အဓိကထား လေ့လာခဲ့ပြီး တပတ်ကို ၂၅ နာရီလောက်ပဲ ပျမ်းမျှလုပ်တာဟာ အသက် ၄၀ သမားတွေအတွက် အသင့်တော်ဆုံးပဲလို့ ရလဒ် ထွက်လာခဲ့ပါတယ်။
ရလဒ်တွေအရ တပတ်ကို ၃ ရက်လောက်ပဲ အလုပ်လုပ်တာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြနိုင်တယ်လို့ ဖော်ပြနေပါတယ်။ ဒါဟာ အမျိုးသမီးမှာရော၊ အမျိုးသားမှာပါ အကျိုးသက်ရောက်မှုခြင်း အတူတူပါပဲ။ အသက် ၄၀ ကျော်တဲ့အခါ အလုပ်ချိန် ၂၅ နာရီ၊ နာရီ ၃၀ ထက် ပိုလုပ်လာရပြီဆိုရင် လုပ်ငန်းဆောင်တာတွေမှာ အဆိုးဘက်ကို ပိုဖြစ်စေပါတယ်။
လေ့လာချက်အရ အသက် ၄၀ ကျော် အမျိုးသမီးတွေဟာ တပတ်ကို ၂၂ နာရီကနေ ၂၇ နာရီကြား၊ အမျိုးသားတွေကတော့ ၂၅ နာရီကနေ နာရီ ၃၀ ထိပဲ အလုပ်ချိန်က အသင့်တော်ဆုံးပဲလို့ ဖော်ပြနေပါတယ်။ နိုင်ငံ တော်တော်များများမှာ အလုပ်ကနေ ပင်စင်ယူတဲ့ အသက်အရွယ်ကို တိုးပေးထားလို့ ဝန်ထမ်းတော်တော် များများဟာ အသက်ကြီးတဲ့အထိ လုပ်ငန်းခွင်ထဲမှာ အချိန်ကုန်ဖို့ ဖြစ်လာခဲ့ပါတယ်။
တကယ်တော့ အလုပ်ဆိုတာမျိုးက အသွား နှစ်ဖက်ပါတဲ့ ဓားလိုပါပဲ။ အသက်ကြီးတဲ့အထိ အလုပ်တွေ လုပ်တာဟာ ဦးနှောက် စွမ်းရည်အတွက် အထောက်အကူပြုပေမယ့် အလုပ်ချိန် များလာရင် စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုဒဏ်တွေကို လူငယ်တွေထက် ပိုခံစားရပါတယ်။ ဒါကြောင့် သက်လတ်ပိုင်း အသက် ၄၀ ကျော်လာရင် အချိန်ပြည့် ဝန်ထမ်းထက် အချိန်ပိုင်းလောက်ပဲလုပ်တာ ပိုသင့်တော်ပါတယ်။
အသက် ၄၀ ကျော်အရွယ်မှာ ကိုယ်ကျန်းမာ၊ စိတ်ကျန်းမာရေးကို သေချာ မထိန်းညှိနိုင်ရင် နောက်ပိုင်း အလုပ်ချိန်တွေကြောင့် ကိုယ်ရဲ့နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်တာကြောင့် ဂရုစိုက်သင့်ပါတယ်။
Ref. truththeory.com
You may also like these stories:
တပတ်ကို ၄ ရက်သာ အလုပ်လုပ်ရမယ့် စနစ် ဂျပန်နိုင်ငံမှာ စတင် အကောင်အထည်ဖော်
မိတ်ဆွေ၊ အပေါင်းအသင်း များချင်ရင် သင်ပြုပြင်သင့်တဲ့ စကားပြောပုံများ
မိုးရွာနေချိန် အလုပ်ခိုင်းရင် လုပ်ခ ၂ ဆ ပေးရမယ်ဆိုတဲ့ ဥပဒေသစ် သြစတြေးလျနိုင်ငံမှာ ထုတ်ပြန်
အလုပ် အချိန်ပို လုပ်သူတွေဟာ သာမန်ထက်ပိုပြီး အသက်တိုနိုင်ကြောင်း လေ့လာသူတွေ အတည်ပြု