Trend

အမျိုးသားတွေအတွက် လုပ်ငန်းခွင်မှာ စမတ်ကျအောင် ဝတ်ဆင်နည်း

မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ လုပ်ငန်းခွင် ဝင်နေရသူတွေ အနေနဲ့ လုပ်ငန်းခွင်မှာ ဝတ်တတ်၊ စားတတ်ဖို့ လိုအပ်ပါတယ်။ ဖက်ရှင်ကို စိတ်မဝင်စားဘူးဆိုရင်တောင် အလုပ်သဘောအရ အရေးကြီးတဲ့ သူတွေနဲ့ တွေ့ဆုံ စကားပြောရတာတွေကို ကြုံတွေ့ရမယ်ဆိုရင် သင့်ဘက်က သပ်သပ်ရပ်ရပ် ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ လုပ်ငန်းခွင်မှာ စမတ်ကျအောင် ဘယ်လို ဝတ်စားဆင်ယင်ရမယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) စမတ်ကျကျ ဝတ်ဆင်သူကို ရှာဖွေပါ

သင့်ရဲ့ လုပ်ငန်းခွင်မှာ စမတ်ကျကျ ဝတ်ဆင်နေထိုင်သူကို ရှာဖွေပါ။ တွေ့ပြီဆိုရင် သူဘာတွေ ဝတ်ဆင်တယ်ဆိုတာကို လေ့လာပါ။ သင့်ရုံးမှာရှိတဲ့ စမတ်ကျကျ ဝတ်ဆင်သူကို တွေ့ပြီဆိုရင် ဘာကြောင့် သူ့ပုံစံကို သဘောကျတာလဲဆိုတာ သေချာစဉ်းစားပါ။ သူ့ရဲ့ ဝတ်ပုံစားပုံကို သဘောကျတာလား၊ ဆံပင်ပုံစံကို သဘောကျတာလား စသဖြင့် သေချာစဉ်းစားဖို့ လိုပါတယ်။ သေချာပြီဆိုရင်တော့ သင့်ကိုယ်သင် ပြောင်းလဲဖို့ ပြင်ဆင်လိုက်ပါ။

(၂) ကွက်တိ ဖြစ်ပါစေ

သင်က ဘယ်လောက်ဈေးကြီးတဲ့ အဝတ်အစားကိုပဲ ဝယ်ဝတ်နေဦးတော့ သင်နဲ့ မတော်ဘူးဆိုရင် သင့်အနေနဲ့ ပေါ်လွင်မှုရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အဝတ်အစား ဝယ်တော့မယ်ဆိုရင် အရမ်းပွတာမျိုး ဒါမှမဟုတ် အရမ်း ကြပ်တာမျိုးကို မဝယ်ဖို့ လိုအပ်ပါတယ်။

(၃) Accessories တွေနဲ့ တွဲဖက်ပါ

ယောကျာ်းလေးဖြစ်လို့ စုတ်စုတ်ပြတ်ပြတ် နေတာကို ပိုပြီး ကောင်းတယ်ဆိုတဲ့ အစွဲကို မေ့ထားလိုက်ပါ။ အမျိုးသားတွေလည်း သပ်ရပ်လှပအောင် နေတဲ့ ခေတ်ကို ရောက်နေပါပြီ။ အရမ်းဈေးကြီးတဲ့ Accessories မျိုးတွေကို ဝတ်ဖို့ မလိုအပ်ပေမယ့် Accessories မပါပြန်ရင်လည်း ကြည့်ရတာ သိပ်ဆွဲဆောင်မှု မရှိပါဘူး။ အမျိုးသားတွေ အတွက် လိုအပ်တဲ့ Accessories တွေကတော့ နေကာမျက်မှန်၊ နာရီ၊ ဆွဲကြိုး ခပ်သေးသေးတွေပဲ ဖြစ်ပါတယ်။

(၄) အသစ်အဆန်းတွေကို ပြုလုပ်ပါ

အမျိုးသားတွေဟာ ဝတ်စုံပုံစံ တခုတည်းကိုပဲ တသက်လုံးနီးပါး ဝတ်ဆင်လေ့ ရှိပါတယ်။ ဒါက ပျင်းစရာကောင်းပါတယ်။ ဥပမာ လည်ကတုံးအင်္ကျီနဲ့ ပုဆိုးပဲ နေ့တိုင်းဝတ်တာမျိုးကို ရှောင်ပြီး တချို့ရက်တွေမှာ အနောက်တိုင်းဆန်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်တာတွေ စမ်းသပ်ကြည့်ပါ။

လုပ်ငန်းခွင်မှာရှိတဲ့ သူတွေကို သင့်ရဲ့ ဝတ်စားပုံနဲ့ ပတ်သက်ပြီး ဝေဖန်ခိုင်းပါ။ ပုံစံတခုကို ပြောင်းလဲဝတ်ဆင်ပြီးနောက် နေရထိုင်ရ အဆင်မပြေဘူးဆိုရင် နောက်တနေ့မှာ နောက်တမျိုး ဝတ်ဆင်နိုင်ပါတယ်။ ရုံးက နေ့တိုင်းတက်နေရတာ ဖြစ်လို့ ဖက်ရှင်ကို မပျင်းအောင် စမ်းသပ်ဝတ်ဆင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

Ref. Alex Costa Youtube Channel

Loading