အသက် ၆ နှစ်အရွယ် ကိုးရီးယားနိုင်ငံသူ ဖြစ်တဲ့ ဘိုရမ်ဟာ Youtube လူမှုကွန်ရက်မှာ နာမည်ကျော်သူ တဦးဖြစ်ပါတယ်။ သူဟာ မိသားစုကို ကိုးရီးယားဝမ် သန်း ၉ထောင်ကျော် (အမေရိကန်ဒေါ်လာ ၁၀သန်းခန့်) တန်ဖိုးရှိတဲ့ ၅ ထပ်တိုက်အိမ်ကို သူရှာဖွေထားတဲ့ ပိုက်ဆံနဲ့ ဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအိမ်ဟာ ဆိုးလ်မြို့က လူချမ်းသာရပ်ကွက်ဖြစ်တဲ့ ဂန်းနမ်းမှာ တည်ရှိပြီး ဒီသတင်းကိုတော့ ကိုးရီးယား အခြေစိုက် သတင်းဌာနတွေ ဖြစ်တဲ့ Korea Herald, Korea Times နဲ့ Maeil Business Newspaper တို့မှာ ဖော်ပြပြီးနောက် လူတိုင်း အံ့အားသင့်ခဲ့ရပါတယ်။
ဘိုရမ်တို့ မိသားစုဟာ Youtube မှာ ချန်နယ် ၂ ခု ဖွင့်ထားပြီး Subscribe ပြုလုပ်သူ စုစုပေါင်း သန်း ၃၀ ကျော်ခန့် ရှိနေပါတယ်။ ဘိုရမ်ရဲ့ ချန်နယ် ၂ခုကတော့ “Boram Tube Toys Review” နဲ့ “Boram Tube Vlog” တို့ ဖြစ်ပြီး အဲဒီချန်နယ် ၂ခုကနေ လစဉ်ဝင်ငွေ ကိုးရီးယားဝမ် ၃ ဒဿမ ၇ ဘီလီယံခန့် ရှိတယ်လို့ သိရပါတယ်။
ဘိုရမ်တို့ဟာ လူကုံထံမိသားစုတွေပဲ နေထိုင်တဲ့ ဂန်းနမ်းရပ်ကွက်မှာ ၅ ထပ်ရှိတဲ့ တိုက်ကို ဝယ်ခဲ့တာ ဘာကြောင့်လဲ ဆိုတာတော့ မသိရသေးပါဘူး။ အသက် ၆ နှစ်သာ ရှိသေးတဲ့ ကလေးတယောက်က ဒီလောက်များပြားတဲ့ ငွေတွေကို ရှာဖွေနိုင်ခဲ့တဲ့အတွက် လူတော်တော်များများက Youtube ကနေ ငွေရှာဖွေဖို့ စိတ်ကူးတွေ ရှိလာကြတော့မယ်လို့ ကိုးရီးယား နိုင်ငံပိုင်သတင်းစာတွေက ဝေဖန်နေကြပါတယ်။
ဘိုရမ်လေးရဲ့Youtube စာမျက်နှာတွေဟာ ကလေးတွေကို ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ စာမျက်နှာတွေပဲ ဖြစ်ပြီး အဲဒီစာမျက်နှာတွေမှာ တင်ထားတဲ့ ဗီဒီယိုတိုင်းဟာ အနည်းဆုံးကြည့်ရှုသူ ၃ သန်းနဲ့ အထက်မှာသာ ရှိပါတယ်။
Ref. mothership.sg
You may also like these stories:
အသက် ၅၀ ကျော်မှ မော်ဒယ်အလုပ်ကို စတင်ခဲ့တဲ့ အမျိုးသား
တနှစ်ကို ကန်ဒေါ်လာ ၂၂ သန်းကျော် ဝင်ငွေရှိတဲ့ အသက် ၇ နှစ်အရွယ် ကောင်လေး
ကိုယ်ပိုင် စီးပွားရေးတခုနဲ့ အောင်မြင်နေကြတဲ့ အသက်အငယ်ဆုံး စီးပွားရေးသမားများ