Trend

ပဲရစ်မြို့မှာ အပူချိန်အမြင့်ဆုံး စံချိန်ထိ ရောက်နေ

Want create site? Find Free WordPress Themes and plugins.

ဥရောပ အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်မှု ဆက်တိုက်ဖြစ်ပေါ်နေပြီး နောက်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ဟာ အပူချိန် ၄၂ ဒဿမ ၆ ဒီဂရီ ဆဲလ်ဆီးယပ်နဲ့ မြို့ရဲ့ အပူချိန်အမြင့်ဆုံးစံချိန်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ အပူဒဏ် အန္တရာယ် သတိပေးချက်ကို အနီရောင်အဆင့် ထုတ်ပြန်ထားပြီး ဂျာမနီနိုင်ငံမှာလည်း ဇူလိုင်လ ၂၄ရက်နေ့က စံချိန်တင်ခဲ့တဲ့ အပူဒဏ်ကို ကျော်လွန်ပြီး ၄၁ ဒီဂရီဆဲလ်ဆီးယပ်အထိ မြင့်တက်ခဲ့ပါသေးတယ်။

ပြင်သစ်ရဲ့ အာဏာပိုင်တွေကတော့ နိုင်ငံတွင်းနေထိုင်သူတွေကို အတတ်နိုင်ဆုံး အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ကြဖို့ သတင်းထုတ်ပြန်ထားပြီး နေ့ကလေးထိန်း ဌာနတော်တော်များများကတော့ ပိတိထားပြီလို့ သိရပါတယ်။ ကျွမ်းကျင်သူတွေကတော့ အပူချိန်မြင့်တက်မှုကြောင့် လူသေဆုံးမှုတွေ ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ကာကွယ်မှုတွေ ပြုလုပ်ဖို့ တွန်းအားပေးနေတာကို တွေ့ရပါတယ်။

၂၀၀၃ ခုနှစ် သြဂုတ်လမှာ ဖြစ်ခဲ့တဲ့ အပူချိန်မြင့်တက်မှုမှာ သေဆုံးသူ တသောင်းကျော်ရှိခဲ့တဲ့ အတွက် အဲဒီအခြေအနေလောက် မဆိုးရွားသေးဘူးလို့ နှိုင်းယှဉ်ချက်တွေ အရ သိရပါတယ်။ ဂျာမနီနိုင်ငံ မြောက်ပိုင်းမှာလည်း ရေကန်တွေမှာ ရေခမ်းခြောက်မှုတွေ ဖြစ်ပေါ်နေပြီး ငါးတွေသေဆုံးမှုရှိနေပါတယ်။

နယ်သာလန်မှာ အပူချိန်မြင့်တက်မှုကြောင့် ယခု ရက်သတ္တပတ်အတွင်း ဝက် အကောင်ရေ ၁၀၀ ခန့် သေဆုံးခဲ့ရပါသေးတယ်။ ၂၀၁၉ ခုနှစ်မှာ ဥရောပတိုက်တလျှောက် အပူချိန်မြင့်တက်မှုတွေ ဆက်တိုက်နီးပါး ဖြစ်ပေါ်နေပြီး ဇွန်လမှာလည်း စံချိန်တင် အပူချိန်မြင့်တက်မှု ဖြစ်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကတော့ ချက်နိုင်ငံ၊ သြစတေးလျနိုင်ငံ၊ ဂျာမနီနိုင်ငံနဲ့ ပိုလန်နိုင်ငံတို့ကို ကျော်ပြီး အပူဆုံး စံချိန်ချိုးခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ဒီလို စံချိန်တင် အပူချိန်မြင့်မားမှုတွေ ဖြစ်ပေါ်ရခြင်းဟာ ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာကြီး ပူနွေးလာမှု၊ လူဦးရေ ထူထပ်မှု စတာတွေကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Ref. BBC

Did you find apk for android? You can find new Free Android Games and apps.
Loading