အခုလို နာနတ်သီး ပေါပေါများများ ရရှိတဲ့ ရာသီမှာ နာနတ်သီးကို စားသုံးခြင်းအားဖြင့် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေတဲ့အပြင် အလှပရေးရာ အတွက်လည်း နာနတ်သီးကို အသုံးပြုနိုင်ပါသေးတယ်။ ဒါကြောင့်မို့လို့ အလှအပရေးရာအတွက် နာနတ်သီးရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်တယ်
နာနတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ မျက်နှာ အသားအရေပေါ်က ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။ နာနတ်သီး အရည်ကို ဂွမ်းစနဲ့ယူပြီး မျက်နှာပေါ် သုတ်လိမ်းပေးတာမျိုးနဲ့ နာနတ်သီးနဲ့ မျက်နှာ အသားအရေပေါ်ကို ပွတ်တိုက်ပေးပြီး အချိန် ၁၅ မိနစ်ခန့်ကြာတဲ့အခါ ရေနဲ့ပြန်လည် ဆေးကြောပေးခြင်းအားဖြင့် ဝက်ခြံတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
(၂) အရေးအကြောင်းတွေကို လျော့ပါးစေနိုင်တယ်
နာနတ်သီးမှာ Antioxidant ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေးအကြောင်းတွေ လျော့ပါးစေနိုင်ပြီး အသားအရေကို တင်းရင်း ကြည်လင်စေပါတယ်။ နာနတ်သီး အရည်နဲ့ သံလွင်ဆီတို့ကို ရောစပ်ပြီး မျက်နှာ ပေါင်းတင်ပေးခြင်းအားဖြင့် မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ အသားအရေ အရောင် မညီတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၃) ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တယ်
နာနတ်သီးဟာ အသားအရေပေါ်က ပျက်စီးနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ်တွေကို ပြန်လည် ဖြစ်ပေါ်စေနိုင်ပါတယ်။ နာနတ်သီးစိတ်ပေါ် သကြား အနည်းငယ်ဖြူးပြီး မျက်နှာ အသားအရေနဲ့ ခန္ဓာကိုယ် အသားအရေပေါ် ပွတ်တိုက်ပေးခြင်းအားဖြင့် အသားအရေကို ကြည်လင် တောက်ပစေပါတယ်။
(၄) လက်သည်း ကျိုးပဲ့လွယ်ခြင်းကို ကာကွယ်ပေးနိုင်တယ်
လက်သည်း၊ ခြေသည်းတွေ ကျိုးပဲ့လွယ်ခြင်းနဲ့ အဝါရောင် သမ်းနေခြင်းတို့ဟာ ဗီတာမင်ဓာတ် ချို့တဲ့ခြင်းကို ပြသနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ပေါ်တဲ့အခါ နာနတ်သီးစိတ် အနည်းငယ် ယူပြီး လက်သည်းတွေကို ပွတ်တိုက်ပေးခြင်းအားဖြင့် လက်သည်းတွေ ကျိုးပဲ့လွယ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
Ref. www.cookist.com
You may also like these stories:
အသားအရေနဲ့ ဆံပင်ကျန်းမာရေးအတွက် ဆန်ဆေးရေရဲ့ အသုံးဝင်ပုံများ
အလှအပနဲ့ ကျန်းမာရေးအတွက် နွားနို့ရဲ့ အသုံးဝင်ပုံများ
အလှအပရေးရာအတွက် လိမ္မော်ခွံရဲ့ အသုံးဝင်ပုံ နည်းလမ်းများ
အလှအပအတွက် မန်ကျည်းသီးရဲ့ အသုံးဝင်တဲ့ နည်းလမ်းများ