မျိုးရိုးဗီဇ လိုက်တယ်ဆိုတဲ့ နေရာမှာ ကောင်းတဲ့ ဗီဇ လိုက်တာ ရှိသလို၊ မကောင်းတဲ့ ဗီဇ လိုက်တာမျိုးလည်း ရှိပါတယ်။ လေ့လာသူတွေရဲ့အဆိုအရ မိဘနှစ်ဦးရဲ့ မျိုးရိုးဗီဇဟာ သားသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် အနည်းနဲ့အများ ဆိုသလို လွှမ်းမိုးမှုရှိပြီး မျိုးရိုးဗီဇ အားလုံးဟာ မိဘတွေကနေ သားသမီးဆီ အကုန်လုံးလိုလို မျိုးရိုးလိုက်တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုဖော်ပြပေးမှာကတော့ မိဘတွေဆီကနေ သားသမီးအပေါ် မျိုးရိုးလိုက်တတ်တဲ့ မကောင်းတဲ့ ဗီဇတွေ အကြောင်းပဲ ဖြစ်ပါတယ်။
(၁) အဆိုးမြင်တတ်ခြင်း
လေ့လာသူတွေရဲ့ သုတေသန ပြုလုပ်ချက်အရ အဆိုးမြင်တတ်ခြင်းဟာ မိဘတွေဆီကနေ သားသမီးဆီ မျိုးရိုးလိုက်လေ့ ရှိပြီး ကိစ္စအကြောင်းအရာ တခုခုကို အကောင်းထက် အဆိုးဘက်ကို ပိုမြင်တာ၊ စိုးရိမ်ပူပန်မှုများတာ၊ တွေးပူတတ်တာ စတာတွေဟာ မျိုးရိုးလိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။
(၂) အကြမ်းဖက် ဖြေရှင်းတတ်ခြင်း
တခုခုဆို လက်ပါတတ်တဲ့ အကျင့်နဲ့ အကြမ်းဖက် ဖြေရှင်းတတ်တဲ့ အကျင့်တွေဟာ မျိုးရိုးဗီဇ လွှမ်းမိုးမှုကြောင့် ဖြစ်တယ်လို့ ဖင်လန်နိုင်ငံက သုသေသီတွေက သူတို့ရဲ့လေ့လာချက်အရ ဆိုပါတယ်။ အကြမ်းဖက်တတ်တဲ့ မျိုးရိုးရှိသူတွေဟာ သာမန်ထက် ၁၃ ဆခန့် ပိုပြီး အကြမ်းဖက် ရာဇဝတ်မှုတွေ ကျူးလွန်တတ်ကြကြောင်း ဖင်လန်နိုင်ငံရဲ့ ရာဇဝတ်မှု မှတ်တမ်းတွေအရ သိရပါတယ်။
(၃) စကား အလွန်များခြင်း
လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စကားပိုများကြပြီး အမျိုးသမီး တဦးဟာ တနေ့မှာ စကားလုံးပေါင်း ၂၀,၀၀၀ ခန့် ပြောဆိုပြီး အမျိုးသားတွေကတော့ တနေ့မှာ စကားလုံးပေါင်း ၇,၀၀၀ ခန့်ကိုသာ ပြောလေ့ ရှိတယ်လို့ သိရပါတယ်။ စကားများခြင်းဟာလည်း မျိုးရိုးဗီဇ လိုက်တာမျိုး ဖြစ်ပြီး အမျိုးသမီးတွေအပေါ် ပိုပြီးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။
(၄) အသက် သေဆုံးခြင်း
လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက် ပိုရှည်တတ်ကြပြီး သက်တမ်းအားဖြင့် ၅ နှစ်လောက်ထိ အသက် ပိုရှည်တတ်ကြပါတယ်။ ဒါဟာဆိုရင်လည်း မျိုးရိုးလိုက်တာမျိုးဖြစ်ပြီး အမျိုးသမီးတွေဟာ အမေရဲ့မျိုးရိုးကို ပိုလိုက်တတ်ကြတယ်လို့ သိရပါတယ်။
Ref. listverse.com
You May Also Like These Story:
မောင်နှမတွေမှာ အငယ်တွေက အကြီးဆုံးတွေထက် ပိုမို ဆိုးသွမ်းကြောင်း လေ့လာသူတွေ အတည်ပြု
မွေးရာပါ မျိုးရိုးဗီဇရောဂါကြောင့် အများနဲ့မတူ တမူကွဲပြားနေတဲ့ လူထူးဆန်းများ
မနက်စောစော အိပ်ရာ မထနိုင်တာဟာ မျိုးရိုးဗီဇနဲ့ ဆိုင်ကြောင်း လေ့လာတွေ့ရှိ