Trend

ကမ္ဘာ့ Fornite ဂိမ်း ချန်ပီယံ ဖြစ်ပြီး ဒေါ်လာ ၃ သန်း ရရှိခဲ့တဲ့ ၁၆ နှစ်အရွယ် ကောင်လေး

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံ၊ နယူးယော့က်မြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့ Fornite ဂိမ်း ချန်ပီယံပြိုင်ပွဲမှာ “Bugha” လို့ အမည်ရတဲ့ အသက် ၁၆ နှစ်အရွယ် အမေရိကန်နိုင်ငံသားက အနိုင်ရရှိပြီး အမေရိကန်ဒေါ်လာ ၃ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြိုင်ပွဲအတွက် လူရွေးပွဲတွေကို ဧပြီလကတည်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဇူလိုင်လမှာ ဗိုလ်လုပွဲ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် Bugha ဟာ ပြိုင်ဖက်တွေကို ၂၆ မှတ် အသာနဲ့ ဗိုလ်စွဲခဲ့ပြီး ပြိုင်ခဲ့တဲ့ ၁၁ ပွဲလုံးမှာလည်း ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ပြနိုင်ခဲ့ပါတယ်။

“ကျနော့်ရဲ့ အပျော်တွေကို စကားလုံးနဲ့တောင် ဖော်ပြဖို့ မဖြစ်နိုင်ဘူး။ ဒါဟာ ရူးသွပ်စရာ အောင်မြင်မှုပဲ။ ကျနော် အရမ်း ပျော်နေတယ်။ နောက်ဆုံးမှာတော့ တနေ့ကို ဂိမ်း ၁၀ နာရီလောက် ကစားနေတာ အလကား မဟုတ်မှန်း အမေသိသွားပါပြီ”လို့ Bugha က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

သူဟာ နှစ်ယောက်တွဲ ပြိုင်ပွဲရော၊ တယောက်တည်း ပြိုင်ပွဲတွေမှာပါ အနိုင်ရခဲ့ပြီး ပြိုင်ပွဲဝင် ၁၀၀ ကျော်ကို အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

Fornite ဂိမ်းဟာ ၂၀၁၇ ခုနှစ်မှာ ဈေးကွက်ထဲကို စတင်ရောက်ရှိပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ ဂိမ်းကစားသူတွေရဲ့ နှစ်ခြိုက်မှုကို ခံခဲ့ရပြီး ကမ္ဘာအနှံ့ ကစားသူပေါင်း သန်း ၂၅၀ ကျော် ရှိတယ်လို့ CNET သတင်းဌာနမှာ ဖော်ပြထားပါတယ်။

Bugha ဟာ Fornite ဂိမ်းလောကမှာ နာမည်ကျော်တဲ့ ဂိမ်းချန်ပီယံတွေ ဖြစ်တဲ့ Tfue ၊ Vivid စတဲ့ နာမည်ကျော်တွေကို ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်လာတာ ဖြစ်ပါတယ်။

Ref. cbsnews

You May Also Like This Story:

ဝင်ငွေ ဖြတ်တောက်မှုကြောင့် Fortnite ဂိမ်းကို Google Play Store မှာ မရနိုင်တော့

Did you find apk for android? You can find new Free Android Games and apps.
Loading