လူတွေအတွက် အကောင်းဆုံး အဖော်က ခွေး ဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားတွေ ရှိပါတယ်။ သုသေသနတွေအရ ခွေးမွေးထားသူတွေဟာ ပျော်ရွှင်မှုကို ရရှိဖို့ အလွယ်ကူဆုံး လူသားတွေ ဖြစ်ပြီး ခွေးမွေးခြင်းဟာ လူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို မြင့်တင်ပေးနိုင်ပါတယ်။
လေ့လာချက်တွေ ပြုလုပ်တဲ့အခါ ခွေးမွေးထားသူတွေရဲ့ ရာခိုင်နှုန်း တော်တော်များများဟာ ခွေးမွေးထားခြင်းကြောင့် အဖော်ရပြီး ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။ ခွေးမွေးထားခြင်းဟာ မိသားစုဝင်တယောက် ထပ်ပြီး တိုးလာသလိုပဲလို့ ခွေးပိုင်ရှင်တွေက ဆိုပါတယ်။
နောက်ပြီး ခွေးမွေးထားသူတွေဟာ ပျော်ရွှင်ရုံတင်မကဘဲ ခွေးတွေဟာ အပျော်သမား (Extrovert) တွေ ဖြစ်တာကြောင့် ပိုင်ရှင်တွေ အနေနဲ့ သူတို့ မွေးထားတဲ့ ခွေးတွေကိုကြည့်ပြီး ဘဝကို ပျော်ရွှင်ကျေနပ်မှုတွေ ရစေနိုင်တယ်လို့ သိရပါတယ်။
ခွေးမွေးထားသူတွေဟာ ခွေးမမွေးထားတဲ့ သူတွေထက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေလည်း ပိုပြီး ကောင်းမွန် နိုင်ပါသေးတယ်။ ခွေးနဲ့ အတူ လမ်းလျှောက်ပေးရတာ၊ ဆော့ကစားပေးရတာတွေ ရှိလို့ ရက်သတ္တပတ်တခုမှာ အနည်းဆုံး ၂၁ မိုင်ခန့်ကို လမ်းလျှောက်ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ခွေးတွေဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေနိုင်လို့ ခွေးမွေးထားသူတွေဟာ သာမန်လူတွေထက် အသက်ပိုရှည်နိုင်ပါတယ်။ ခွေးတွေဟာ လူတွေနဲ့ ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေကို ပြုလုပ်နိုင်တာကြောင့် ပိုင်ရှင်တွေ အနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိအားတွေ လျော့ကျပြီး ပိုမိုကျန်းမာနိုင်ပါသေးတယ်။
ခွေးမွေးထားသူတွေမှာ အိမ်ထောင်ပြုလိုခြင်း၊ မိသားစု ထူထောင်လိုခြင်း စတဲ့ စရိုက်တွေ ရှိတတ်ပြီး ခိုင်မြဲတဲ့ မိသားစုဘဝကို လိုချင်ကြတယ်လို့ သိရပါတယ်။ ခွေးပိုင်ဆိုင်တဲ့သူတွေဟာ သူတို့ရဲ့ လက်တွဲဖော်နဲ့ မိသားစုဝင်တွေကို နွေးထွေးလုံခြုံမှုတွေ ပေးချင်ကြတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
Ref. brightside
You may also like these stories:
အိမ်မွေးခွေးအဖြစ် မွေးပြီး ၂ နှစ်ကြာမှ ခွေး မဟုတ်ဘဲ ဝက်ဝံဖြစ်နေမှန်း သိခဲ့ရတဲ့ ဖြစ်ရပ်
အိမ်မွေး တိရစ္ဆာန်အစာတွေ အခမဲ့ ထောက်ပံ့ပေးတဲ့ အမေရိကန်က Pet Food Box များ
ခွေးလေခွေးလွင့်တွေအတွက် အနွေးထည်ချုပ်ပေးတဲ့ အသက် ၈၉ နှစ်အရွယ် အဘွား
ခွေးတွေကို ကြင်ကြင်နာနာ မွေးမြူလေ့ရှိတဲ့ မြို့ကြီး ၄ မြို့