ဘဝမှာ ရွေးချယ်စရာတွေ အများကြီး ပြုလုပ်ခွင့်ရခဲ့သလို ရွေးချယ်ခွင့် မရှိဘဲ ကြုံတွေ့ရတဲ့ အရာတွေကလည်း အများကြီးပါ။ ပိန်တာ ဝတာ အစရှိတဲ့ အရာတွေနဲ့ အသားအရောင် စတာတွေကို မြန်မာနိုင်ငံမှာတော့ လှောင်ပြောင်နှိမ့်ချပြီး ပြောတတ်ကြတာကြောင့် သင်စိတ်အားငယ်မှုတွေ ဖြစ်စရာမလိုအပ်ပါဘူး။
ဒါကြောင့် သင့်ဘဝနဲ့ ပတ်သက်ပြီး ဘယ်တော့မှ မသိမ်ငယ်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အသက်မွေးဝမ်းကြောင်း လုပ်ငန်း
အသက်မွေးဝမ်းကြောင်း လုပ်ငန်းဆိုတာ သင့်အနားက နီးစပ်ရာ ကျွမ်းကျင်ရာကို ရွေးချယ်ခဲ့ရတာပါပဲ။ အဲဒီအတွက် ရှက်စရာမလိုပါဘူး။ လူတော်တော်များများက ငွေကြေးရတာ များတဲ့ လုပ်ငန်းတွေကို လုပ်ကြပေမယ့် တကယ်လို့ သင်က သင့်စိတ်ထဲမှာ ရှိတဲ့ လုပ်ငန်းတခုကို လုပ်မယ်ဆိုရင်လည်း ဂုဏ်ယူဝင့်ကြွားစွာလုပ်ဖို့ အကြံပေးချင်ပါတယ်။
(၂) သင့်ရဲ့ ဝတ်စားဆင်ယင်ပုံ
လူ့အဖွဲ့အစည်းဟာ နေရာတိုင်းမှာ ဝင်ရောက်စွက်ဖက်လိုကြပါတယ်။ ဘယ်နေရာမှာ ဘယ်လို ဝတ်သင့်တယ်ဆိုပြီး စည်းမျဉ်းစည်းကမ်းတွေ ထားပေမယ့် သင်ဝတ်ချင်တာကို ဝတ်ဖို့ မရှက်ပါနဲ့။ သင့်အတွက် သက်သောင့်သက်သာရှိပြီး နေထိုင်ရတာ အဆင်ပြေမယ့် အဝတ်အစားကို ဝတ်ပါ။
ဥပမာ ဘုရားသွားဖို့ လိုအပ်တဲ့ အချိန် သင်က ပုဆိုး၊ ထမိန် စတာတွေကို ကျွမ်းကျင်စွာမဝတ်တတ်ဘူးဆိုရင် သင့်အတွက် အဆင်ပြေစေမယ့် ဘောင်းဘီအရှည်စတာတွေကို ဝတ်ပြီး သွားလိုက်ပါ။
(၃) အများနဲ့ ကွာခြားခြင်း
သင်က အများနဲ့ မတူညီတဲ့ လိင်စိတ်တိမ်းညွှတ်မှုရှိတယ်ဆိုရင်လည်း ရှက်စရာမရှိပါဘူး။ သင်ဟာ အများနဲ့ မတူညီတဲ့ လိင်စိတ်ရှိနေခြင်းကြောင့် သင့်ကိုယ်သင် အပြစ်တင်တာမျိုး မဖြစ်ပါစေနဲ့။ သင်ချစ်တဲ့ အရာတွေကို သင့်ရဲ့ စိတ်ခံစားချက်အစစ်အတိုင်း ဆက်ဆံနိုင်အောင် ကြိုးစားပါ။ လူတွေက သင့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို အားနည်းချက်လို့ သတ်မှတ်ထားရင် အားသာချက်ဖြစ်အောင် ကြိုးစားပြလိုက်ပါ။
(၄) သင်လာခဲ့တဲ့ နေရာ
သင့်မိဘက ဆင်းရဲလို့ သင်လက်ရှိနေနေတဲ့ ပတ်ဝန်းကျင်မှာ ရှက်ရွံ့တာမျိုး ဖြစ်စရာမလိုပါဘူး။ သင့်အမေက ဈေးဗန်းခေါင်းရွက်ပြီး ဈေးရောင်းနေတဲ့သူ ဖြစ်နေပါစေ သင့်ကို အများတန်းတူ တင့်တင့်တယ်တယ် ထားနိုင်အောင် ကြိုးစားပေးခဲ့တာ ဖြစ်လို့ သင့်မိဘနဲ့ ပတ်သက်ပြီး ရှက်စရာ အကြောင်း မရှိပါဘူး။ သင့်ရဲ့ အဆင်မပြေမှုတွေကို လိမ်ညာပြီး တခြားလူတယောက်လို ဟန်ဆောင်နေခြင်းကသာ ရှက်စရာ ဖြစ်ပါတယ်။
(၅) သူငယ်ချင်း၊ လက်တွဲဖော်
သင်ပေါင်းသင်းနေတဲ့ သူငယ်ချင်း ဒါမှမဟုတ် သင်ရွေးချယ်တဲ့ လက်တွဲဖော်နဲ့ ပတ်သက်ပြီး ရှက်စရာ အကြောင်း မရှိသင့်ပါဘူး။ သူများရဲ့ အမြင်မှာ သူတို့ဟာ အဆင်မပြေနေဘူးဆိုရင်တောင်မှ သူတို့က သင့်ကို ချစ်ခင်တယ်၊ သင်ကိုယ်တိုင်ကလည်း သူတို့နဲ့ နေထိုင်ရတာ လွတ်လပ်ပြီး ပျော်ပါးမှုကို ခံစားရတယ်ဆိုရင် အဲဒီလိုလူတွေကို ဘယ်တော့မှ လက်လွှတ်မခံပါနဲ့။
Ref;Brightside
You may also like these stories:
တယောက်တည်း နေထိုင်ခြင်းရဲ့ ကောင်းကျိုးများ
အလုပ်ခွင်အင်တာဗျူးမှာ မထင်မှတ်တဲ့ မေးခွန်း (၅)ခု
လက်ရှိအလုပ်ကနေ ထွက်သင့်နေပြီဆိုတဲ့ လက္ခဏာ ၅ ချက်
စိတ်ကူးထဲက အလုပ်ကို ရှာဖွေနိုင်မယ့်အချက် ၅ ချက်