Trend

ဂျပန်မှာ အပူလှိုင်းဖြတ်မှုကြောင့် လူ ၁၁ဦး သေဆုံးပြီး ထောင်နဲ့ချီ ဆေးရုံရောက်နေ

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံမှာ သမိုင်းစံချိန်တင် အပူချိန်မြင့်တက်မှု ဖြစ်ပွားနေတာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အစိုးရတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ သိသိသာသာ အပူချိန်မြင့်တက်လာပြီးနောက် သေဆုံးသူ ၁၁ဦးရှိကာ လူ ၅၀၀၀ ကျော်ကတော့ အပူနဲ့ သက်ဆိုင်တဲ့ ရောဂါတွကြောင့် ဆေးရုံတက်နေရတယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့က ဆိုပါတယ်။

သေဆုံးသူတွေမှာ အိုဆာကာအပန်းဖြေဥယျာဉ်အတွင်း ဝတ်စုံပြည့်နဲ့ ဖျော်ဖြေလေ့ရှိတဲ့ အသက် ၂၈ နှစ်အရွယ် ဖျော်ဖြေရေးသမားတဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူဟာ ပန်းခြံထဲမှာ အလေးချိန် ၃၅ ပေါင်ရှိတဲ့ လာဘ်ကောင်အရုပ်ဝတ်စုံကို ဝတ်ဆင်ရင်း မိနစ် ၂၀ကျော် ဖျော်ဖြေပြီးနောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အပူလှိုင်းကြောင့် စီရင်စု ၄ခုက လူပေါင်း ၁၁ဦး သေဆုံးခဲ့ပြီး Aichi စီရင်စုမှာတော့ အပူဒဏ်ကြောင့် ဆေးရုံတက်ရသူ အများဆုံး ဖြစ်ခဲ့ပါတယ်။

Kyodo  သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆေးရုံရောက်နေတဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်နဲ့ အထက် လူကြီးတွေအများစုပါဝင်ပြီး ဆေးရုံတက်ရသူတွေအထဲကမှ၁၁၉ဦးဟာ ရက်သတ္တပတ် ၃ ပတ်ခန့် ဆေးရုံတက်ပြီး ဆေးကုသမှု ဆက်လက်ခံယူရမယ်လို့ ပါရှိပါတယ်။

အပူချိန်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အမြင့်ဆုံး ဖြစ်ခဲ့ပြီး ၃၇ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လမှာလည်း အခုလို အပူလှိုင်းဖြတ်မှုတွေ ဖြစ်ခဲ့ပြီး ၆၅ဦး သေဆုံးခဲ့ပါသေးတယ်။ အစိုးရကတော့ လာမယ့် ရက်သတ္တပတ်တွေမှာလည်း အပူလှိုင်းမြင့်တက်မှု ဆက်လက်ဖြစ်ပွားဦးမှာ ဖြစ်လို့ ရေဓာတ်ပြည့်ဝအောင် နေထိုင်ဖို့နဲ့ မီးဘေးအန္တရာယ် သတိရှိဖို့နဲ့ ပြည့်ဝတဲ့ အနားယူမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

Ref;BBC

You may also like these stories:

ပဲရစ်မြို့မှာ အပူချိန်အမြင့်ဆုံး စံချိန်ထိ ရောက်နေ

အပူလှိုင်းဖြတ်တာတွေ ရပ်တန့်ဖို့ ဖား နှစ်ကောင်ကို လက်ထပ်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံ

မက္ကဆီကိုနိုင်ငံမှာ ရာသီဥတု ပူနွေးလာမှုကြောင့် ပထမဆုံးအကြိမ် နွေရာသီမှာ မိုးသီးရွာသွန်းခဲ့

ဥရောပ တလွှားမှာ အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ အပူလှိုင်း ပြဿနာ

Did you find apk for android? You can find new Free Android Games and apps.
Loading