သိပ္ပံပညာရှင်တွေဟာ Greenland ကျွန်းရဲ့ ရာသီဥတုအပူချိန်တွေကို လအတော်ကြာ လေ့လာခဲ့ပြီးနောက် ရေခဲထုကြီးတွေ အများအပြား အရည်ပျော်လာတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒီနှစ်နွေရာသီဟာ အရင်ထက် ထူကဲ တဲ့အပူချိန်ကြောင့် ရေခဲထုတန်ချိန် ၁၁ ဘီလီယံ အရည်ပျော်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ အိုလံပစ် ပြိုင်ပွဲရဲ့ ရေကူးကန်အရည်အတွက်နဲ့ယှဉ်လိုက်ရင် ကန်ပေါင်း ၄ ဒဿမ ၄ သန်းနဲ့ ညီမျှပါတယ်။
နွေရာသီ မေလကုန်ရောက်တိုင်း Greenland ကျွန်းက ရေခဲတွေအရည်ပျော်လေ့ရှိပေမယ့် ဒီနှစ်နွေရာသီမှာ တော့ မေလဆန်းကစပြီး ရေခဲတွေ စတင်အရည်ပျော်လာခဲ့ပါတယ်။ စတင်အရည်ပျော်ခဲ့တဲ့ အချိန်ကစလို့ ၄ လ အတွင်းမှာပဲ ဆက်တိုက်အရည်ပျော်လာခဲ့တာဟာ အပူချိန်မြင့်မားမှုကြောင့်ဖြစ်တယ်လို့ ဒတ်ချ်လူမျိုး ရာသီဥတု သိပ္ပံပညာရှင် Ruth Mottram က ဆိုပါတယ်။
ဇူလိုင်လ တလတည်းမှာတင် Greenland က ရေခဲထုတန်ချိန် ၁၉၇ ဘီလီယံနီးပါး အရည်ပျော်ခဲ့တယ်လို့ သိရ ပါတယ်။ ဒီပမာဏဟာ အိုလံပစ်ပြိုင်ပွဲရဲ့ ရေကူးကန်အရည်အတွက်နဲ့ယှဉ်ရင် ကန်ပေါင်း သန်း ၈၀ လောက်နဲ့ ညီမျှတယ်လို့ Mottram ကဆိုပါတယ်။ အဆိုပါပမာဏအတိုင်း ဆက်တိုက်အရည်ပျော်နေမယ်ဆိုရင် ဒီနှစ် အကုန်မှာ ရေခဲထုတန်ချိန် ၆၀ ကနေ ၇၀ ကြား အရည်ပျော်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။
အရင်ပတ်ကစပြီး လွန်ကဲလာတဲ့ အပူချိန်တွေကြောင့် ဥရောပတိုက်တဝှမ်း အပူလိုင်းဖြတ်ခဲ့သလို အာတိတ်ဒေ သမှာပါ အပူလွန်ကဲမှု သက်ရောက်ခဲ့ပါတယ်။ ရေခဲအရည်ပျော်မှုတွေထဲက သိပ္ပံပညာရှင်တွေ နှမြောတသအ ဖြစ်ရဆုံးကတော့ ၁၉၅၀ ခုနှစ်တည်းက Greenland ရဲ့ အကြီးဆုံးရေခဲထုကြီး အရည်ပျော်ခဲ့တာပါ။
သိပ္ပံပညာရှင်တွေ မှတ်တမ်းအရ သြဂုတ် ၁ ရက်က ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၀၀၀ မှာ အပူချိန် ၂ ဒဿမ ၇ ဆဲလ်စီးယပ်ဟာ စံချိန်သစ်ပဲလို့ သတ်မှတ်ထားပေမယ့် အတိအကျတော့ မထုတ်ပြန်နိုင်သေးပါ ဘူး။ မိုးလေဝသပညာရှင်တွေကလည်း ဇူလိုင်လဟာ ကမ္ဘာတဝှမ်းမှာ အပူချိန်အမြင့်ဆုံးလအဖြစ် သမိုင်းတလျှောက် စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။
Greenland ကျွန်းမှာလည်း လက်ရှိအပူချိန်အတိုင်း နောက်ထပ် ရက်အနည်းငယ် ဒါမှမဟုတ် ဒီ့ထက်ပိုကြာရှည် နိုင်တဲ့ထိ ဆက်တည်ရှိနေနိုင်တယ်လို့ Mottram တို့တွေ ခန့်မှန်းထားပါတယ်။ ကမ္ဘာမှာ ဒုတိယအကြီးဆုံး ရေခဲ ထုကြီးတွေရှိတဲ့ Greenland ကျွန်းရဲ့ ရေခဲအရည်ပျော်မှုကြောင့် ကမ္ဘာ့ရေမျက်နှာပြင်ဟာ မီလီမီတာ တဝက် လောက် မြင့်တက်သွားခဲ့ပါတယ်။
Ref: edition.cnn
You may also like these stories:
ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာဖြစ်တဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေအောက်ကြမ်းပြင် သန့်ရှင်းရေး စတင်
ပလတ်စတစ်ဘူးခွံပေါင်း ၁ သိန်းကို အသုံးပြုပြီး ကျွန်းတခု ဖန်တီးခဲ့တဲ့ အင်္ဂလန်နိုင်ငံသား
Northern Lights ( ဥတ္တရအလင်းတန်း ) များအကြောင်း