Trend

အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် တီထွင်ဖန်တီးမှုများ

Want create site? Find Free WordPress Themes and plugins.

အိမ်သုံး စက်ပစ္စည်းတွေနဲ့ စမတ်ဖုန်းတွေဟာ ဘဝနေထိုင်မှုအတွက် အဆင်ပြေစေတဲ့ နည်းပညာရဲ့ အံ့မခန်း တိုးတက်မှုတွေလည်း ဖြစ်ပါတယ်။ တိုးတက်လာနေတဲ့ ခေတ်မီ နည်းပညာနယ်ပယ်ထဲမှာတော့ အမျိုးသမီးတွေအတွက် သီးသန့် ဖန်တီး ထုတ်လုပ်ထားတဲ့ အရာတွေကတော့ ပမာဏ အနည်းငယ်သာ တွေ့ရှိနိုင်ပါတယ်။ အဲဒီထဲကမှ အမျိုးသမီးတွေအတွက် အသုံးတည့်စေမယ့် တီထွင်ဖန်တီးမှုတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Facial Shield

မျက်နှာခွဲစိတ်ပြုပြင်ထားသူတွေနဲ့ မိတ်ကပ်လိမ်းခြယ်ထားသူတွေအတွက် ရေနဲ့ ဆပ်ပြာကို အဓိက ကာကွယ်ဖို့ ထုတ်လုပ်ထားတဲ့ ဒီ ဒီဇိုင်းကတော့ မဖြစ်မနေ ခေါင်းလျှော်ဖို့ လိုအပ်နေချိန်မှာ ပိုမိုအသုံးဝင်စေမှာ ဖြစ်ပါတယ်။

(၂) နှစ်ယောက်စီး ဒန်း

ကလေးတွေနဲ့အတူ ပန်းခြံထဲဖြစ်ဖြစ် ပျော်ပွဲစားထွက်တဲ့အခါမျိုးမှာ ဆော့ကစားလေ့ရှိတဲ့ ဒန်းတွေမှာ သူတို့ကိုချည်း လွှဲပေးနေရတာထက်စာရင် အမျိုးသမီးတွေအနေနဲ့ သူတို့ကိုယ်တိုင် လိုက်ပါ စီးနင်းနိုင်ဖို့ တီထွင်ဖန်တီးထားတဲ့ ဒီဇိုင်းတမျိုးပဲ ဖြစ်ပါတယ်။

(၃) Solid Spots on Sidewalk

ပလက်ဖောင်းလျှောက်လမ်းတွေရဲ့ တချို့နေရာတွေမှာ သံပြားရေဆင်းပေါက်တွေ ပါဝင်ပြီး ဒီအပေါက်တွေဟာ ဒေါက်မြင့်ဖိနပ် စီးသူတွေကို အခက်တွေ့စေပါတယ်။ အဲဒီ သဲပြားရေဆင်း ပေါက်တွေပေါ်ကနေ ကြွကြွရွရွလေး လျှောက်သွားနိုင်ဖို့ ဖိနပ်ပုံစံ အပြားတွေ တပ်ဆင်ထားပေးတဲ့ ဒီတီထွင်မှုဟာဆိုရင် ဒေါက်မြင့် စီးတဲ့ ပျိုမေတွေ အကြိုက်တွေ့ကြမှာ အမှန်ပါ။

(၄) Japanese Toilet Baby Holder

ဂျပန်နိုင်ငံကတော့ တီထွင်ဖန်တီးမှုတွေနဲ့ ပတ်သက်ရင် မဖြစ်မနေ ပါဝင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒီဖန်တီးမှုကတော့ သန့်စင်ခန်း အသုံးပြုတဲ့အခါ မိမိကလေးကို စိတ်မချတတ်တဲ့ မိခင်တွေအတွက် ကလေးကိုပါထည့်ထားလို့ ရနိုင်အောင် ပြုလုပ်ထားတဲ့ ဒီဇိုင်းတခုပဲ ဖြစ်ပါတယ်။

(၅) Curly Hangers

ပိုးဖဲကတ္တီပါ အသုံးပြုထားတဲ့ ပွဲတက်ဝတ်စုံလို အဝတ်အစားတွေအတွက် သာမန်ချိတ်တွေဟာ ချောချောပြီး ပြုတ်ကျတတ်တာကြောင့် အင်္ကျီချိတ်ရဲ့ အစွန်းတွေကို ဝိုက်ကာ ပုံဖော်ထားတဲ့ ရိုးစင်းပြီး အသုံးဝင်တဲ့ စိတ်ကူးတခုလည်း ဖြစ်ပါတယ်။

(၆) Brow Stamps

မျက်ခုံးမွှေး ဆွဲဖို့ အခက်တွေ့လေ့တွေ့ထ ရှိတဲ့ အမျိုးသမီးတွေအတွက် အချိန်ကုန်သက်သာစေပြီး သပ်သပ်ရပ်ရပ်နဲ့ မိမိအလိုရှိတဲ့ ပုံစံရရှိဖို့ အထောက်အကူပြုတဲ့ မျက်ခုံးမွှေး ပုံဖော် ကိရိယာတခုလည်း ဖြစ်ပါတယ်။

Ref. brightside.me

You may also like these stories:

ပူလောင် ခြောက်သွေ့တဲ့ နွေရာသီမှာ အသားအရေ ဘယ်လို ထိန်းသိမ်းမလဲ

အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ အသက် ၂၀ ကျော်အရွယ်မှာ ပြုလုပ်သင့်တဲ့ အရာများ

ချွေးထွက်တတ်တဲ့ အမျိုးသမီးတွေအတွက် နွေရာသီမှာ အထာကျမယ့် ဖက်ရှင်နည်းလမ်း ၈ ခု

အသက် ၃၀ ကျော် အမျိုးသမီးများ မဖြစ်မနေ ပြုလုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်း

Did you find apk for android? You can find new Free Android Games and apps.
Loading