ဟင်းခတ် အမွှေးအကြိုင်အဖြစ် အာရှနိုင်ငံတွေမှာ အများဆုံး အသုံးပြုလေ့ရှိတဲ့ ချင်း (ဂျင်း) ဟာ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုသလို ဆံကေသာ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဆံကေသာကျန်းမာရေးအတွက် ချင်းရဲ့ အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။
(၁) ဦးရေပြား ယားယံခြင်းကို သက်သာစေတယ်
ချင်းမှာ Anti Bacteria ဓာတ် ပါဝင်တဲ့အတွက် မှိုနဲ့ ဘက်တီးရီးယားတွေကြောင့် ဦးရေးပြား ယားယံခြင်းကို ထိရောက်စွာ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ချင်းပြုတ်ရည် အနည်းငယ်ကို ခေါင်းမလျှော်ခင်တိုင်း ဦးရေပြားပေါ် လောင်းချပေးခြင်းအားဖြင့် ဦးရေပြား ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။
(၂) ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံပင်တွေကို သန်စွမ်းစေနိုင်တယ်
ချင်းကို ကြိတ်ချေထားတဲ့ ချင်းအနှစ်ရည်ကို သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ အနည်းငယ်နဲ့ ရောစပ်ကာ ခေါင်းမလျှော်ခင် ဦးရေပြားနဲ့ ဆံသားတွေပေါ် လိမ်းကျံပေးပြီး မိနစ် ၃၀ ခန့် ထားပေးပါ။ ပြီးရင်တော့ သုံးနေကျ ခေါင်းလျှော်ရည်ကို အသုံးပြုပြီး ဆေးကြော သန့်စင်ပေးပါ။ ချင်းဟာ ဦးရေပြားတွင်း သွေးစီးဆင်းမှုကို ကောင်မွန်စေတာကြောင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပြီး ဆံပင်တွေကို သန်စွမ်းစေနိုင်ပါတယ်။
(၃) ဦးရေပြားပေါ်က ဗောက်တွေကို ဖယ်ရှားပေးနိုင်တယ်
မိုးရာသီမှာ အများဆုံးဖြစ်လေ့ ရှိတဲ့ ဦးရေပြား ယားယံပြီး ဗောက်ထခြင်း ပြဿနာကို ချင်းဟာ အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ ချင်းကို ကြိတ်ချေထားတဲ့ ချင်းအနှစ်ရည်ကို ခေါင်းမလျှော်ခင် ဦးရေပြားပေါ် လိမ်းကျံထားပြီးမှ ခေါင်းလျှော်ပေးခြင်းက ဗောက်တွေကို ရှင်းလင်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
Ref. food.ndtv.com
You May Also Like These Stories:
ဆံကေသာ ကျန်းမာရေးအတွက် ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံများ
ဆံကေသာကျန်းမာရေးအတွက် ကြက်ဟင်းခါးသီးရဲ့ အသုံးဝင်ပုံ ၅ ချက်