အသက် ၅၀ ကျော်ပေမယ့် လှပနေဆဲ ဂျပန် Cosplayer အမျိုးသမီး
Anime ဇာတ်ကားတွေဟာ ဆယ်ကျော်သက် ဇာတ်ကောင် စရိုက်တွေကို အခြေခံ ရိုက်ကူးလေ့ရှိပြီး သက်လတ်တန်း ပရိသတ်ကို ဦးစားပေးတဲ့ ကာတွန်းရုပ်ရှင်တွေ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေ အတိုင်း လိုက်ပြီး ဝတ်ဆင်ခြင်းကို Cosplay လို့ ခေါ်ပြီး ဝတ်ဆင်သူတွေကိုတော့ Cosplayer လို့ ခေါ်ပါတယ်။
Sayuri Ozaki လို့ ခေါ်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးဟာ ရုပ်ရှင်ထဲက အသက် ၁၆ နှစ်အရွယ် ဇာတ်ကောင်အတိုင်း ဝတ်ဆင်ပြခဲ့ပြီး သူမရဲ့ ငယ်ရွယ်နုပျိုမှုတွေကြောင့် ပရိသတ် အားပေးခြင်းကို ခံခဲ့ရပါတယ်။

Love Live ရုပ်ရှင်ထဲက Kotori Minami လို ဝတ်ဆင်ခဲ့တဲ့ သူမဟာ ဇာတ်ကောင်နဲ့ အသက် ၃ ဆ လောက်နီးပါး ကွာခြားနေပေမယ့် အရွယ်တင်လွန်းတာကြောင့် လှပနေခဲ့ပါတယ်။ Sayuri Ozaki ဟာ ဇူလိုင်လမှာ အသက် ၅၀ ပြည့်ထားပြီး ဂျပန်နိုင်ငံမှာတော့ အရွယ်တင်ပါတယ်ဆိုတဲ့ အမျိုးသမီးတွေတောင်မှ အဲဒီလောက် အသက်အရွယ်မှာ Cosplay ပြုလုပ်ခြင်း မရှိကြတော့ပါဘူး။
အသက် ၁၆ နှစ်အရွယ် Idol တယောက်ရဲ့ ပုံစံအတိုင်း Cosplay ရတာဖြစ်လို့ တိုနန့်နန့် စကပ်တွေ ဝတ်ရပေမယ့် သူမကတော့ စိတ်ပူပန်ပုံ မပေါ်ပါဘူး။ လှပပြီး အရွယ်တင်လွန်းတာကြောင့် လူမှုကွန်ရက် စာမျက်နှာမှာ Follower များတဲ့ သူမကို တချို့တွေက မော်ဒယ်လ် လုပ်ကိုင်တယ်လို့ အထင်မှားလေ့ ရှိပါတယ်။
တကယ်တော့ သူမဟာ ခင်ပွန်းဖြစ်သူနဲ့အတူ ဟာသအဖွဲ့ တဖွဲ့ ထောင်ထားတဲ့ ဟာသသရုပ်ဆောင် တဦးသာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံက သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Ref. soranews24.com
You may also like these stories:
အစားအသောက်နဲ့ အသီးအနှံတွေကို အသုံးပြုပြီး Cosplay ဖန်တီးတဲ့ ထိုင်းအမျိုးသမီး
အသက် ၁၀၀ ကျော်တဲ့ အထိ Drum တီးနေဆဲ ဖြစ်တဲ့ အဘွားအို
လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ထိုင်းနိုင်ငံက အသက် ၅၆ နှစ်အရွယ် မော်ဒယ်