အမေရိကန် ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ နေထိုင်တဲ့ Lenny Maughan ဆိုတဲ့ အမျိုးသားဟာ ပြေးရင်းနဲ့ မြေပုံကတဆင့် ပုံဆွဲသူ တယောက် ဖြစ်ပါတယ်။ အရင်က မာရသွန်အပြေးအမား တယောက်ဖြစ်ခဲ့ဖူးတဲ့ သူဟာ Strava လို့ ခေါ်တဲ့ Application ကို အသုံးပြုပြီး ပုံတွေကို ရေးဆွဲတာ ဖြစ်ပါတယ်။
အဲဒီ Application ဟာ GPS နဲ့ ချိတ်ဆက်ထားပြီး ပြေးသူရဲ့ လမ်းကြောင်းကို ပြန်လည် ကြည့်ရှုလို့ ရတဲ့ Application တခု ဖြစ်ပါတယ်။ အပြေးသမား Lenny Maughan ဟာ ၂၀၁၅ ခုနှစ်က စပြီး ပန်းချီပုံဆွဲရင်း ပြေးခဲ့တာ အခုဆိုရင် ပုံပေါင်း ၅၀ ကျော်ရှိနေပြိလို့ သိရပါတယ်။ သူပန်းချီဆွဲတဲ့ နေရာကတော့ သူနေတဲ့ မြို့ရဲ့ မြေကြီးပဲ ဖြစ်ပါတယ်။
သူဟာ ပြေးလမ်းကြောင်းကို အသုံးပြုပြီး တိရစ္ဆာန်ပုံ၊ သစ်သီးပုံေတွေကို ဆွဲလေ့ရှိပြီး တပုံဆွဲဖို့ မိုင်တွေ အများကြီး ပြေးရတယ်လို့ ဆိုပါတယ်။ သူဆွဲထားတဲ့ ပုံတွေဟာ ဖုန်းက မြေပုံမှာပေါ်ပြီး အဲဒီပုံတွေကို သူက လူမှုကွန်ရက် စာမျက်နှာပေါ် ပြန်တင်လေ့ ရှိပါတယ်။ ပုံတပုံဆွဲဖို့ အနည်းဆုံး ၁၅ မိုင်ခန့် ပြေးရပြီး ဇူလိုင်လ တလတည်းမှာပဲ သူဟာ မိုင် ၅၀၀ ကျော် ပြေးပြီး ဖြစ်ပါတယ်။
“ဒါက အရမ်းပျော်စရာကောင်းတဲ့ စိန်ခေါ်မှုကို ဖြစ်စေတယ်။ ပြေးလည်း ပြေးရသလို ပန်းချီကိုလည်း လေ့ကျင့်ပြီး ဖြစ်တယ်။ ပုံတပုံ ရဖို့ အရမ်း စိတ်လှုပ်ရှားရပါတယ်။ နောက်ပြီး လူတွေက ကျနော်ဆွဲတဲ့ ပုံတွေကို သဘောကျတော့ ကျနော်လည်း ပျော်ရတယ်”လို့ Lenny Maughan က ပြောပါတယ်။
သူဆွဲတဲ့ ပုံတိုင်းဟာ သူနေထိုင်ရာ ဆန်ဖရန်စစ္စကို မြို့မှာ ရေးဆွဲထားတာဖြစ်ပြီး အနုပညာကို ပျော်ရွှင်မှုနဲ့ အတူ ဖန်တီးနေတာဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ပုံတွေဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ် အားပေးခြင်းကို ခံခဲ့ရပြီး သတင်းဌာန တော်တော်များများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။
Ref. Business Insider
You may also like these stories:
အသက် ၅၀ ကျော်ပေမယ့် လှပနေဆဲ ဂျပန် Cosplayer အမျိုးသမီး
အိမ်ခြေရာမဲ့ ဘဝကနေ နာမည်ကြီး ဧည့်လမ်းညွှန်တဦး ဖြစ်လာခဲ့တဲ့ ရုရှားအဘိုးအို
နယ်မြို့လေးကတဆင့် တိုင်းပြည်ဂုဏ် ဆောင်ကြမယ့် ကိုရီးယားရောက် မြန်မာ ကျောင်းသားများ