တရားမဝင် ဆင်စွယ် ရောင်းဝယ်ဖောက်ကားမှုများကြောင့် ဆင်သေဆုံးမှုတွေ မြင့်တက်လျက် ရှိပါတယ်။ အာဖရိကတိုက်မှာ ရှိတဲ့ ဆင်တွေကတော့ ခြိမ်းခြောက်ခံရမှု အများဆုံးဖြစ်ပြီး သေဆုံးမှုလည်း အများဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် နောက်ပိုင်းမွေးလာတဲ့ ဆင်မ တော်တော်များများမှာ ဆင်စွယ် ပါဝင်လာခြင်း မရှိတော့ပါဘူး။
၁၉၉၀ ခုနှစ် မတိုင်ခင်အထိ အရှေ့အာဖရိကနိုင်ငံ တခုဖြစ်တဲ့ Mozambiqu ဟာ ဆင်ပေါင်း ၂၅၀၀ ကျော်တို့ရဲ့ နေအိမ်ဖြစ်ခဲ့ပေမယ့် ပြည်တွင်းစစ် ဖြစ်ပွားမှုကြောင့် ဆင်တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသတ်ခံခဲ့ရပါတယ်။ အဲဒီထဲက အများစုဟာ ဆင်စွယ်တွေ ဖြတ်ခံခဲ့ရပြီး ဆင်စွယ်ကို လက်နက်လုပ်ကာ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
ဆင်တွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ပြီးတဲ့နောက်မှာတော့ ဆင်ရဲ့ ခန္ဓာကိုယ်ဟာ သဘာဝအလျောက် ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး ဆင်စွယ် မပါလာတော့တာ ဖြစ်ပါတယ်။ အရင်ကတော့ ဆင်မအများစုရဲ့ ၂ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းအထိသာ ဆင်စွယ် ပါဝင်ခြင်း မရှိခဲ့ပေမယ့် အခုဆိုရင်တော့ ဆင်မတွေရဲ့ ၃ ပုံ ၁ ပုံ အထိ ဆင်စွယ် ပါဝင်လာခြင်း မရှိပါဘူး။
နောက် ရာစုနှစ် တစုလောက်ကြာလာရင်တော့ ဆင်မများရဲ့ ၉၀ ရာခိုင်နှုန်းလောက်ထိ ဆင်စွယ် မပေါက်နိုင်လောက်တော့ဘူးလို့ သုသေသနတွေက ခန့်မှန်းနေကြပါတယ်။
ယေဘုယျအားဖြင့်တော့ ဆင်ထီးတွေရဲ့ ဆင်စွယ်ဟာ ပိုကြီးပြီး ပိုလှတာကြောင့် အရင်ဖြတ်ခံရပေမယ့် ဆင်မတွေမှာ ဆင်စွယ်တွေ ပါရှိခြင်း မရှိတော့တာဟာ ဘာကြောင့်လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ အခုလို ဆင်မတွေအနေနဲ့ ဆင်စွယ်ပါဝင်လာခြင်း မရှိတော့တာဟာ ဆင်မျိုးဆက် တဆစ်ချိုး ပြောင်းလဲမှုတွေ ဖြစ်လာမလားဆိုတာကိုတော့ သုသေသနတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ဒီလို နောက်မွေးလာတဲ့ ဆင်တွေမှာ ဆင်စွယ်ပါဝင်လာခြင်း မရှိတော့တာကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ အပါအဝင် တကမ္ဘာလုံးက တရားမဝင် ဆင်စွယ် ရောင်းဝယ်ဖောက်ကားရေးကို အပြင်းအထန် တိုက်ဖျက်မှုတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
Ref. CBC