အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမြို့မှာ နေထိုင်တဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ် တဦးဟာ ပီဇာစားချင်တဲ့အတွက် အရေးပေါ်ဖုန်းနံပါတ် 911 ကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။
Sanford ရဲဌာနမှာ ရှိတဲ့ ရဲတဦးက သူ့ရဲ့ ဖုန်းကို ဖြေပေးခဲ့ပါတယ်။ ဖုန်းထဲမှာ ကလေးငယ်က သူဗိုက်ဆာနေကြောင်း ပီဇာ စားလိုကြောင်း ပြောခဲ့တာကြောင့် ရဲတွေက ပီဇာဝယ်ကာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ပါတယ်။ ကလေးဖြစ်သူရဲ့ အိမ်ကို ရောက်မှသာ အိမ်မှာ ရှိတဲ့ လူကြီးတွေက အရေးပေါ်ကို ဖုန်းဆက်ထားကြောင်း သိရပြီး ရဲတွေကတော့ အရေးပေါ်ကို အသုံးချတတ်တယ်လို့ မှတ်ချက်တွေ ပေးခဲ့ပါတယ်။
ဒီသတင်းကို ရဲဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပြီး လူတော်တော်များများက သဘောကျခဲ့ပါတယ်။ ရဲတွေက ကလေးငယ်ရဲ့ အိမ်ကို ပီဇာပို့ပေးခဲ့ပြီး ကလေးနဲ့ အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံ တပုံကိုပါ တင်ထားခဲ့တာပါ။
အခုဆိုရင် နိုင်ငံတကာမှာ ရှိတဲ့ ရဲဌာနတွေက ရဲတွေဟာ တာဝန် အားလပ်ချိန်တွေမှာ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလေ့ ရှိပါတယ်။
ကလေးတွေဟာ ရဲဌာနနဲ့ အရေးပေါ် (911) တို့ကို မကြာခဏ ဖုန်းခေါ်ပြီး သချာင်္ပုစ္ဆာတွေရဲ့ အဖြေကို ရှာခိုင်းခြင်း၊ မွေးနေ့ပွဲကို လာရောက်ဆင်နွှဲပေးဖို့ ဖိတ်ခေါ်ခြင်း စတာတွေကို ပြုလုပ်လေ့ရှိပြီး ရဲတွေကလည်း ပျော်ရွှင်ကျေနပ်စွာ ကူညီပေးလေ့ ရှိတယ်လို့ သိရပါတယ်။
Ref. abcnews
You may also like these stories:
အိမ်ရှေ့မှာ ဘီယာ ရောင်းတာကြောင့် ရဲဖမ်းခံခဲ့ရတဲ့ ကလေးငယ်