အသားအရေကို ကြည်လင် သန့်စင်အောင် ပြုလုပ်ဖို့ နည်းလမ်းပေါင်းများစွာ ရှိတဲ့ထဲက ထိုင်းအမျိုးသမီးတွေ ရှေးယခင်တည်းက အသုံးပြုလာခဲ့ကြတဲ့ ထိုင်းရိုးရာ အသားအရေ ထိန်းသိမ်းနည်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) မန်ကျည်းသီး
ထိုင်းအမျိုးသမီးတွေဟာ ရှေးယခင်တည်းက မန်ကျည်းသီးကို မျက်နှာ ကြေးချွတ်ဖို့နဲ့ အမည်းစက်တွေကို ဖယ်ရှားဖို့အတွက် အသုံးပြုခဲ့ကြပြီး မန်ကျည်းသီးဟာ အသားအရေကို တောက်ပကာ သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ မန်ကျည်းသီးမှည့် အနှစ်ကို ပျားရည်နဲ့ ရောစပ်ပြီး အသုံးပြုတဲ့ နည်းလမ်းဟာ မျက်နှာနဲ့ ခန္ဓာကိုယ် ကြေးချွတ်ဖို့အတွက် နည်းလမ်းကောင်းတခု ဖြစ်ပါတယ်။
(၂) သင်္ဘောသီး
ထိုင်းအလှကုန် အများစုမှာလည်း သင်္ဘောသီးကို အခြေခံထုတ်လုပ်လေ့ ရှိပြီး သင်္ဘောသီးဟာ အသားအရေ အရောင် မညီညာခြင်းကို ညှိပေးနိုင်ပါတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ Papain Enzyme ဟာ အသားအရေကို စိုပြည် ကြည်လင်စေနိုင်တာကြောင့် သင်္ဘောသီးမှည့် အနှစ်ကို ကြိတ်ချေပြီး မျက်နှာပေါင်းတင်ပေးနိုင်ပါတယ်။
(၃) အုန်းဆီ
ထိုင်းအစားအစာတွေမှာလည်း အုန်းဆီကို ထည့်သွင်း အသုံးပြုကြသလို မျက်နှာအသားအရေ အလှအပ အတွက်လည်း အုန်းဆီကို အသုံးပြုလေ့ ရှိကြပါတယ်။ ညဘက် အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီး မျက်နှာအနှံ့ကို အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးခြင်းက အသားအရေကို စိုပြည် ကြည်လင်စေပါတယ်။
(၄) နနွင်း
ထိုင်းရိုးရာ အသားအရေ ထိန်းသိမ်းနည်းတွေမှာ နနွင်းကို အသားအရေ ကြေးချွတ်တဲ့အခါ အသုံးပြုလေ့ ရှိကြပြီး နနွင်းမှုန့်စစ်စစ်ကို ရေအနည်းငယ်နဲ့ ရောစပ်ကာ မျက်နှာအနှံ့ လိမ်းပေးရမှာပါ။ ၁၀ မိနစ်ခန့်ကြာရင်တော့ ရေနဲ့ ပြန်လည် ဆေးကြောပေးခြင်းအားဖြင့် ဝက်ခြံအပါအဝင် အသားအရေ ပြဿနာအများစုကို သက်သာ ပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။
Ref. www.stylecraze.com
You may also like these stories:
အသားအရေအလှအပအတွက် အသုံးဝင်တဲ့ မြင်းခွာရွက်
အလှအပရေးရာ အတွက် နာနတ်သီးရဲ့ အသုံးဝင်ပုံများ
အသားညိုသူတွေအတွက် အသားအရေ ကြည်လင်စေမယ့် ပေါင်းတင်နည်း ၅ မျိုး