သြစတေးလျနိုင်ငံ အရှေ့တောင်ဘက်မှာ ဖြစ်တောင့်ဖြစ်ခဲ နှင်းကျမှုနဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပွားနေတာကြောင့် ပြည်နယ်ထဲမှာ နေထိုင်သူတွေ အနေနဲ့ ရှားပါးဖြစ်စဉ်ကို ကြုံတွေ့နေရပါတယ်။ အခုလို နှင်းကျမှုကြောင့် သြစတေးလျမှာ နေထိုင်သူတွေအပြင် တိရစ္ဆာန်တွေပါ ပျော်ရွှင်နေကြတယ်လို့ သိရပါတယ်။
Stephen Grenfell ဆိုတဲ့ တွစ်တာ အသုံးပြုသူတဦးက ကားပေါ်ကနေ တဆင့် သူ ရိုက်ကူးထားတဲ့ ရုပ်သံမှာ သားပိုက်ကောင်တွေဟာ နှင်းထဲမှာ ပျော်ရွှင်စွာ ခုန်ပေါက်နေကြပြီး အဲဒီ ဗီဒီယိုဟာ လူမှုကွန်ရက်မှာ လူကြည့်များပြီး ရေပန်းစားနေပါတယ်။
Not something you see every day in Australia. Kangaroos in the snow.#Wildoz #Kangaroos #Snow pic.twitter.com/ospCngUa98
— Stephen Grenfell (@stephengrenfel1) August 11, 2019
“သားပိုက်ကောင်တွေ နှင်းထဲမှာ ခုန်ပေါက်နေတာဟာ သြစတေးလျမှာ အမြဲ မြင်တွေ့နေကျ မြင်ကွင်းမျိုးတော့ မဟုတ်ပါဘူး”ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားတဲ့ အဲဒီဗီဒီယိုကို ကြည့်ရှုသူ များပြားနေတာ ဖြစ်ပါတယ်။
ဒီလို ရာသီဥတု ပြောင်းလဲမှုနဲ့ နှင်းမုန်တိုင်းကြောင့် သြစတေးလျနိုင်ငံမှာ အရမ်းအေးနေပြီး ဒါဟာ စံချိန်တင် အေးခဲမှု ဖြစ်တယ်လို့ သိရပါတယ်။
နှင်းကျမှုကြောင့် ဆစ်ဒနေမြို့ အပြင်ဘက်မှာ လမ်းပိတ်ဆို့မှုတွေ ဖြစ်နေပြီး လေယာဉ်ပျံသန်းမှုတွေကိုလည်း ဆိုင်းငံ့ထားရပါတယ်။ သြစတေးလျနိုင်ငံ တောင်ပိုင်းမှာတော့ နေအိမ်ပေါင်း ၁၀,၀၀၀ ခန့်မှာ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ သိရပါတယ်။
သြစတေးလျနိုင်ငံဟာ ၂၀၁၈ ခုနှစ်က စတင်ပြီး မုန်တိုင်းဝင်ခြင်း၊ တောမီးလောင်ခြင်းနဲ့ ရေကြီးခြင်း စတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကို တွေ့ကြုံနေခဲ့ရပြီး ယခုနှစ်မှာတော့ နှင်းကျခြင်းကို ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်တဲ့ ကျေးလက်တွေမှာလည်း မိုးခေါင်တဲ့ လက္ခဏာတွေကို ကြုံတွေ့နေရတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
Ref. BBC, Dailymail
You May Also Like This Story:
သြစတြေးလျနိုင်ငံ အနှံ့ကို ကားတစီးနဲ့ လည်ပတ်ခဲ့တဲ့ အမျိုးသား