Trend

"သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အိမ်သာ လျှော့တက်ပါ"လို့ ပြောတဲ့ ဘရာဇီး သမ္မတ 

Want create site? Find Free WordPress Themes and plugins.

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် ဘရာဇီးနိုင်ငံ သမ္မတ Jair Bolsonaro ပြောလိုက်တဲ့ စကားတခွန်းကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်တဲ့ ပွဲတပွဲမှာ သမ္မတက ကမ္ဘာကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ဆိုရင် အိမ်သာ လျှော့တက်ကြဖို့ ပြောလိုက်ပါတယ်။

သတင်းထောက် တယောက်က ဘရာဇီး သမ္မတကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဘာအစီအစဉ်တွေ ရှိလဲဆိုတဲ့ မေးခွန်းအပေါ် အခုလို ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။ အမေဇုန်တောအတွင်း သစ်ခုတ်မှုတွေ အများဆုံးပြုလုပ်နေတဲ့ သူတွေကို တားဆီးခြင်း မရှိဘဲ ပြည်သူတွေကို အခုလို အိမ်သာ လျှော့တက်ဖို့ ပြောခဲ့တာကြောင့် ပြည်သူတွေက မကျေမနပ် ဖြစ်နေကြပါတယ်။

ဘရာဇီးစစ်တပ်ရဲ့ ဗိုလ်မှူးချူပ်ဟောင်းတဦးဖြစ်တဲ့ Jair Bolsonaro ဟာ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ဘရာဇီးနိုင်ငံရဲ့ ၃၈ ယောက်မြောက် သမ္မတအဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ တာဝန် စတင်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်ကနေ ၂၀၁၉ ခ ုနှစ် ဇူလိုင်လအတွင်း အမေဇုန်တောရဲ့ သစ်တောပမာဏ စတုရန်းမိုင် ၈၇၀ ခန့် ပြုန်းတီးခဲ့ပြီး ဒါဟာ လော့အိန်ဂျလိစ် မြို့တော်ရဲ့ ၂ ဆခန့် ကျယ်ပြန့်တယ်လို့ သိရပါတယ်။

သမ္မတ Jair Bolsonaro အနေနဲ့ မဲဆွယ်ကာလမှာ သစ်တောပြုန်းတီးမှုအကြောင်းကို အဓိကထား မဲဆွယ်ခဲ့ပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ မေးမြန်းတဲ့ အခါမှာတော့ “ကမ္ဘာကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ချင်တယ်ဆိုရင် အစားလျှော့ စားပြီး အိမ်သာ သိပ်မတက်ကြပါနဲ့။ ဒါဟာ တကမ္ဘာလုံး အတွက် ကောင်းမွန်တယ်”လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီဖြေကြားချက်နဲ့ ပတ်သက်ပြီး BBC သတင်းဌာန အပါအဝင် လူမှုကွန်ရက် စာမျက်နှာတွေမှာ နိုင်ငံတကာက ပတ်ဝန်းကျင်ထိန်းသိမ်းသူတွေဟာ “အိမ်သာဆိုတာ လျှော့ပြီး တက်လို့ ရတယ်ဆိုပြီး ဘယ်သူပြောလဲ”၊ “နည်းလမ်းကျတဲ့ ဆွေးနွေးမှုတွေ မလုပ်ဘဲ လျှောက်ပြောတာ မကောင်းပါဘူး” ၊ “တကယ်တော့ ခင်ဗျားကိုယ်တိုင် သစ်ထုတ်လုပ်ရေးမှာ ပါဝင်နေတာကို  ရပ်တန့်သင့်ပြီ” စတဲ့ မှတ်ချက်တွေ ပေးထားကြပါတယ်။

Ref. metro.co.ukiflscience.com

You may also like these stories:

ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချပေးနိုင်မယ့် ကမ္ဘာတဝှမ်းက ထူးခြားကောင်းမွန်တဲ့ ပရောဂျက်များ

ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မိမိကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ

ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သေကြေ ပျက်စီးနေကြရတဲ့ သတ္တဝါများ

Did you find apk for android? You can find new Free Android Games and apps.
Loading