အကြမ်းဖက်သမားတွေရဲ့ အဆင်အခြင်မဲ့ ပစ်ခတ်မှုတွေေကြောင့် အမေရိကန်နိုင်ငံမှာ ပြည်သူတွေရဲ့ သေဆုံးမှုတွေဟာ နှစ်စဉ်နဲ့ အမျှ မြင့်တက်နေပါတယ်။ မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်လို့ ကလေးတွေအတွက် ကျောပိုးအိတ်လိုအပ်နေတဲ့ မိဘတွေဆီကို ကျောပိုးအိတ်ပုံစံ အသစ် တမျိုး ဝင်ရောက်လာပါတယ်။
လက်နက်ကိုင်ဆောင်မှု မြင့်တက်နေတဲ့ အမေရိကန်နိုင်ငံမှာ ကျောင်းတွင်း အကြမ်းဖက်မှုတွေရှိနေပြီး ကျောင်းသားများလည်း သေဆုံးမှု ရှိနေပါတယ်။ စစ်သွေးကြွလူငယ်တွေနဲ့ လူမျိုးရေး အစွန်းရောက်သူတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကျောင်းသားတွေ ခံရပြီးတဲ့ နောက်မှာတော့ အမေရိကန်ဟာ ကျည်ကာကျောပိုးအိတ်ကို စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။
” ကျမက ဒီကျောပိုးအိတ်ကို ဝယ်ဖို့ တတ်နိုင်တဲ့ အသိုင်းအဝိုင်းထဲက မဟုတ်ပေမယ့် ကျမရဲ့ သားသမီးတွေ လုံခြုံဖို့ အတွက် ပိုက်ဆံကို ကြိုးစားရှာဖွေပြီး ဝယ်ရမှာပဲ။ သားသမီးတွေကို အန္တရာယ် ကင်းကင်းထားနိုင်ဖို့က မိခင်တယောက်ရဲ့ တာဝန်ပဲလေ ” လို့ ဆယ်ကျော်သက် ကျောင်းသားတဦးရဲ့ မိခင်က ပြောပါတယ်။
အဲဒီကျောပိုးအိတ်တွေကို သေနတ်နဲ့ ပစ်ကြည့်တဲ့ အခါမှာတော့ အမှန်တကယ်ပဲ ကျည်ဆန်ကို ထိုးဖောက်နိုင်ခြင်း မရှိဘူးလို့ CBS သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အခြား ကျည်ကာပစ္စည်းတွေလိုပဲ AK47 လို သေနတ်နဲ့ ပစ်ရင်တော့ ကျည်ပေါက်တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း တော်ရုံ အကြမ်းဖက် သမားတွေဟာ လက်နက်ကြီးတွေ ကိုင်လေ့မရှိတာကြောင့် အဆင်ပြေဖို့ မိဘတွေက မျှော်လင့်နေပါတယ်။
အခြား အမေရိကန် ကုမ္ပဏီတခုကလည်း လူကြီး လူငယ်မရွေးဝတ်နိုင်တဲ့ ကျည်ကာ အင်္ကျီတွေကို ထုတ်လုပ်ရောင်းချ နေတယ်လို့ သိရပါတယ်။ ပြည်သူတွေကတော့ အခုလို ကျည်ကာပစ္စည်းတွေကို ရောင်းချနေတာဟာ တော်တော်ဆိုးဝါးတဲ့ အခြေအနေဖြစ်ပြီး ပြည်သူက ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင်ဝင်ရောက်ကာကွယ်နေရတာဟာ နိုင်ငံအတွက် အကျည်းတန်လွန်း တယ်လို့ ဝေဖန်နေကြပါတယ်။
Ref;CBS
You may also like these stories:
ဂျပန်နိုင်ငံမှာပဲ ရှိတဲ့ ထူးထူးခြားခြား ကုန်ပစ္စည်းများ
မြေပုံဒေတာကို ဆန်ဆာပါ ကျောပိုးအိတ်တွေနဲ့ ခြေလျင်ကောက်ယူနေပြီဖြစ်တဲ့ Apple