လူတယောက်ရဲ့ အရပ် အနိမ့်၊ အမြင့်ဟာ မျိုးရိုးဗီဇနဲ့ ဆိုင်သလို စားသောက်နေထိုင်ပုံတွေနဲ့လည်း ဆိုင်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ၂၀၁၉ ခုနှစ်ရဲ့ စစ်တမ်း ကောက်ယူမှုတွေအရ ကမ္ဘာ့ အရပ်အနိမ့်ဆုံး နိုင်ငံတွေ စာရင်းပဲ ဖြစ်ပါတယ်။
(၁) တီမော
စစ်တမ်းတွေအရ တီမောနိုင်ငံမှာ လူတဦးရဲ့ပျမ်းမျှအရပ်ဟာ ၅ ပေဝန်းကျင်ခန့်သာ ရှိပြီး အမျိုးသားတွေမှာတော့ ပျမ်းမျှအရပ် ၅ ပေ ၂ လက်မခန့်နဲ့ အမျိုးသမီးတွေကတော့ ၄ ပေ ၁၁ ခန့်သာ ရှိတယ်လို့ သိရပါတယ်။
(၂) လာအို
လာအိုမှာတော့ လူတဦးရဲ့ ပျမ်းမျှအရပ်ဟာ ၅ ပေ ၁ လက်မခန့်ရှိပြီး အမျိုးသားတွေရဲ့ ပျမ်းမျှအရပ်ကတော့ ၅ ပေ ၃ လက်မခန့်၊ အမျိုးသမီးတွေကတော့ ၄ ပေ ၁၁ ခန့် ဖြစ်ပါတယ်။
(၃) ဂွါတီမာလာ
ဂွါတီမာလာနိုင်ငံမှာတော့ အမျိုးသားတဦးရဲ့ပျမ်းမျှအရပ်ဟာ ၅ ပေ ၄ လက်မခန့်ဖြစ်ပြီး အမျိုးသမီးတွေကတော့ ၄ ပေ ၁၀ လက်မခန့်ရှိနေတာကြောင့် ပျမ်းမျှအရပ်ဟာ ၅ ပေ ၁ လက်မ ဖြစ်ပါတယ်။
(၄) နီပေါ
နီပေါလူမျိုးတွေရဲ့ပျမ်းမျှအရပ်ဟာ ၅ ပေ ၁ လက်မခန့်ဖြစ်ပြီး အမျိုးသားတွေရဲ့ ပျမ်းမျှအရပ်ဟာ ၅ ပေ ၃ လက်မ၊ အမျိုးသမီးတွေကတော့ ၄ ပေ ၁၁ လက်မခန့် ဖြစ်ပါတယ်။ ကမ္ဘာ့အရပ်အပုဆုံံး လူသားတွေထဲက တဦးဖြစ်တဲ့ နီပေါနိုင်ငံသား Bahadur Dangi ဟာ အရပ်အမြင့် ၂၁ ဒဿမ ၅ လက်မခန့်ရှိပြီး နောက်ထပ်အရပ်အပုဆုံး လူသားစာရင်းဝင် Khagendra Thapa Magar ဟာလည်း နီပေါနိုင်ငံသားပဲ ဖြစ်ပါတယ်။
(၅) အိန္ဒိယ
အိန္ဒိယအမျိုးသားတွေဟာ ပျမ်းမျှအရပ် ၅ ပေ ၄ လက်မခန့်ရှိပြီး အမျိုးသမီးတွေကတော့ ၅ ပေခန့် ရှိပါတယ်။ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးတဦးဖြစ်တဲ့ Jyoti amge ကတော့ အိန္ဒိယလူမျိုးပဲ ဖြစ်ပါတယ်။
(၆) မြန်မာ
စစ်တမ်းကောက်ယူချက်တွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာ့အရပ်အနိမ့်ဆုံး နိုင်ငံတွေစာရင်းမှာ အဆင့် ၂၂ နေရာကနေ ရပ်တည်နေပြီး မြန်မာအမျိုးသားတွေရဲ့ ပျမ်းမျှအရပ်ဟာ ၅ ပေ ၄ လက်မခန့် ဖြစ်ပြီး အမျိုးသမီးတွေရဲ့ ပျမ်းမျှအရပ်ကတော့ ၅ ပေခန့် ဖြစ်ပါတယ်။
Ref. www.insider.com
You may also like these stories:
အရပ်ပုသူတွေအတွက် သီးသန့် တီထွင်ထားတဲ့ မျက်မှန် စိတ်ဝင်စားမှု မြင့်တက်နေ
အသက် ၁၈ နှစ် နောက်ပိုင်းမှာ အရပ်ရှည်အောင် ဘယ်လိုလုပ်မလဲ
အရပ်ပုတဲ့သူတွေက ပိုမိုစိတ်တိုတတ်ကြကြောင်း ဆေးပညာရှင်တွေ အတည်ပြု