မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Asia Cross Country Rally (အာရှတွင်း နိုင်ငံဖြတ်ကျော် လမ်းကြမ်းမောင်းပြိုင်ပွဲ) ကြီးကတော့ ဒီနေ့ သြဂုတ်လ ၁၆ ရက်နေ့ မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေကနေ စတင် တာထွက်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်သူတွေဟာ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မှာ ပန်းဝင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ခဲ့ကြသူတွေဟာ ထိုင်းနိုင်ငံမှာ ၃ ရက်၊ မြန်မာနိုင်ငံမှာ ၃ ရက် မောင်းနှင်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ၃ ရက် မောင်းနှင်ခဲ့ကြပေမယ့် မြန်မာနိုင်ငံဘက်အခြမ်းကို ရောက်တဲ့အခါ ရာသီဥတု အခြေအနေကြောင့် ၂ ရက်သာ မောင်းနှင်ခဲ့ကြပါတယ်။ သြဂုတ် ၁၄ ရက်နေ့မှာ ပြိုင်ပွဲဝင်မယ့် လမ်းကြောင်းပြောင်းရွှေ့ခဲ့ရတဲ့အတွက် သြဂုတ် ၁၅ ရက်နေ့မှသာ မြန်မာနိုင်ငံတွင်းမှာ ယှဉ်ပြိုင်ရမယ့် လမ်းကြောင်းကို စတင်မောင်းနှင်နိုင်ခဲ့ပါတယ်။
Asia Cross Country Rally 2019 ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်သူတွေဟာ မြန်မာနိုင်ငံ ဒေသ တချို့ကစာသင်ကျောင်းတွေမှာလည်း ကျောင်းသားတွေအတွက် ထောက်ပံ့ရေးပစ္စည်းပေး အပ်ခဲ့တဲ့အကြောင်း Asia Cross Country Rally Facebook Page မှာ ဖော်ပြထားပါတယ်။
၂၄ ကြိမ်မြောက်ကျင်းပတဲ့ ဒီပြိုင်ပွဲကို မြန်မာအသင်းအနေနဲ့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင် တာဖြစ်သလို အိမ်ရှင်အနေနဲ့လည်း ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့တာပါပဲ။ ဒီပြိုင်ပွဲမှာတော့ မြန်မာအသင်းအနေနဲ့ ဆိုင်ကယ်သမား ၂ ဦး နဲ့အတူ ကားမောင်းပြိုင်ပွဲဝင်သူ ၈ ဦး ပါဝင်ပါတယ်။
နိုင်ငံပေါင်း ၁၄ နိုင်ငံက ယာဉ်မောင်းတွေပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Asia Cross Country Rally 2019 ပြိုင်ပွဲရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ Zero ကားလို့ခေါ်တဲ့ ပြိုင်ပွဲအ ဆုံးအဖြတ်ကိုပေးမယ့် ပုဂ္ဂိုလ်ရဲ့ ကားရောက်လာမှ ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။
You may also like these stories:
Asia Cross Country Rally 2019 ပြိုင်ပွဲဝင်ရန် မြန်မာအသင်း စတင်ထွက်ခွာ