မိုးရွာလိုက် နေပူလိုက် ဖြစ်တဲ့ အချိန်တွေမှာ မိတ်ကပ်လိမ်းဖို့ ကြောက်နေတဲ့ ပျိုမေတွေ ရှိကြမှာပါ။ မိုးစိုသွားရင် မိတ်ကပ်ပျက်ပြီး မလှတော့မှာ စိုးရိမ်ကြသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် မိုးတွင်းမှာ မိတ်ကပ်လိမ်းရင် လိုက်နာရမယ့် စည်းကမ်းလေးတွေကို လိုက်နာလိုက်မယ်ဆိုရင်တော့ ဒီလို ပြဿနာတွေကို မပူရတော့ပါဘူး။
ဒါကြောင့် မိုးရာသီမှာလည်း လှပစွာနေနိုင်ဖို့ အတွက် မိတ်ကပ်လိမ်းရင် လိုက်နာရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဖောင်ဒေးရှင်း နည်းနည်းပဲ လိမ်းပါ။ ဖောင်ဒေးရှင်းတွေ အများကြီးကို လိမ်းထားမယ်ဆိုရင် အသားအရေခြောက်ကပ် တာမျိုးနဲ့ မိတ်ကပ်ကွက်တာတွေ ဖြစ်တတ်လို့ ဖောင်ဒေးရှင်းကို ခပ်ပါးပါးလေး ဖြစ်အောင် တတ်နိုင်သလောက် လိမ်းပေးဖို့ အကြံပေးချင်ပါတယ်။
(၂) မိုးရာသီမှာ အရောင်ဖျော့တဲ့ ပါးနီတွေကို လိမ်းဖို့ ကလည်း အရေးကြီးတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။ အရောင်ရင့်တဲ့ ပါးနီတွေကို လိမ်းမယ်ဆိုရင် မျက်နှာပေါ်မှာ မသေမသပ်ဖြစ်နေတတ်ပြီး ကွာကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
(၃) မျက်တောင်ကော့ဆေး၊ Eye Liner စတဲ့ ပစ္စည်းတွေကို ရေစိုခံ ဖြစ်တာ သုံးဖို့ လိုပြီး အများကြီး မခြယ်ဖို့ လိုအပ်ပါတယ်။ Eye shadows ဆိုးတဲ့ အခါမှာလည်း အပြာရောင်၊ ပန်းရောင် စတဲ့ အရောင်တွေကို ဆိုးဖို့ လိုအပ်ပါတယ်။
(၄) နှုတ်ခမ်းနီကလေည်း အရေးကြီးပါတယ်။ မိုးတွင်းမှာ မိတ်ကပ်လိမ်းရင် နှုတ်ခမ်းနီကို အဓိက ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နှုတ်ခမ်းနီ အဆီ (Lip Gloss) ကို မသုံးပါနဲ့။ နှုတ်ခမ်းအဆီဟာ လေတိုက်တဲ့ အခါမျိုးတွေမှာ ဆံပင်နဲ့ ထိပြီး ပျက်လွယ်တာမျိုးကြောင့် Matte ဖြစ်တဲ့ နှုတ်ခမ်းနီကို ဆိုးစေချင်ပါတယ်။
(၅) ဆံပင်ကိုတော့ အမြဲ ခြောက်နေအောင်ထားသင့်ပြီး မိုးရွာတဲ့ ရက်မျိုးတွေမှာ ထီးပါရင်တောင် ဦးထုပ် ဆောင်းတာမျိုး ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အနွေးဦးထုပ် ဒါမှမဟုတ် လျှာထိုး ဦးထုပ်မျိုးတွေကို ဆောင်းခြင်းဖြင့် လေတိုက်တဲ့ အခါ ဆံသားမပျက်စီးအောင် တားဆီးနိုင်ပါတယ်။
Ref;style.pk
You may also like these stories:
အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေအတွက် မိုးရာသီဖက်ရှင် နည်းလမ်းများ
မိုးရာသီမှာ ဒီလိုအစားအစာတွေကို ရှောင်ပါ
မိုးရာသီမှာ ခံစားလို့ ကောင်းမယ့် သီချင်း ၅ ပုဒ်
မိုးတွင်းမှာ မှိုမစွဲအောင် ဘယ်လိုကာကွယ်ကြမလဲ