• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ရေနေသတ္တဝါတွေ ရှင်သန်ဖို့ သန္တာကျောက်တန်းအတု ဖန်တီးခဲ့တဲ့ အိန္ဒိယက ကျောင်းသား  

by ဟယ်လ်သင်
19 August 2019
in Trend
A A
သန္တာကျောက်တန်းအတု ဖန်တီးခဲ့တဲ့ အိန္ဒိယက အသက် ၁၇ နှစ်အရွယ် ကောင်လေး

သန္တာကျောက်တန်းအတု ဖန်တီးခဲ့တဲ့ အိန္ဒိယက အသက် ၁၇ နှစ်အရွယ် ကောင်လေး

10.3k
VIEWS
Share on FacebookShare on Twitter

သဘာဝပတ်ဝန်းကျင် အခြေအနေ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာတာနဲ့အမျှ ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုဟာလည်း တဖြည်းဖြည်း ခက်ခဲလာပါတယ်။ ပင်လယ်သမုဒ္ဒရာတွင်းက စွန့်ပစ်ပစ္စည်းတွေ၊ လူသားတွေရဲ့ အလွန်အကျွံ ငါးဖမ်းမှုတွေနဲ့ သမုဒ္ဒရာ ရေအပူချိန် မြင့်တက်လာမှုတွေကြောင့် ရေနေသတ္တဝါတွေ မှီတင်းနေထိုင်ရာ သန္တာကျောက်တန်းတွေဟာလည်း တဖြည်းဖြည်း ပျက်စီးလာတာပါ။

ဒီလို ပျက်စီး ကွယ်ပျောက်လာတဲ့ သန္တာကျောက်တန်းတွေနဲ့ ပင်လယ်ရေအောက် ဂေဟစနစ်ကို ပြန်လည် ပြုပြင်ဖို့အတွက် အိန္ဒိယနိုင်ငံသား၊ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတဦးဟာ လူလုပ် သန္တာကျောက်တန်းတွေကို ဖန်တီးခဲ့ပါတယ်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
140
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
223
မြိတ်မြို့

မြိတ်မြို့

11 May 2025
439

Siddharth Pillai ဆိုတဲ့ ကျောင်းသားလေးဟာ ပင်လယ်ရေနေ သတ္တဝါတွေ ရှင်သန်နိုင်ဖို့ 3D စနစ်နဲ့ ထုတ်လုပ်ထားတဲ့ သန္တာကျောက်တန်း အတုတွေကို အိန္ဒိယနိုင်ငံမှာ ပထမဦးဆုံး ပြုလုပ်ခဲ့ပါတယ်။

သူဖန်တီး ပြုလုပ်ထားတဲ့ ဒီလူလုပ် သန္တာကျောက်တန်းတွေကို ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ Linkin Park ဂီတအဖွဲ့ရဲ့ အဆိုတော် Chester Benninghton ကို အောက်မေ့ သတိရတဲ့ အနေနဲ့ “Chester” လို့ နာမည်ပေးထားပါတယ်။

ရေငုပ် ဝါသနာပါပြီး ရေငုပ်ချန်ပီယံတဦးဖြစ်သူ Siddharth ဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်းက ကပ္ပလီ ပင်လယ်ပြင်တွင်းမှာ ရေငုပ်လေ့လာခဲ့ပြီး ပင်လယ်ရေအောက်က အရောင်တွေပြယ်ကာ ကျိုးပျက်နေတဲ့ သန္တကျောက်တန်းတွေကို တွေ့မြင်ခဲ့ရတာကြောင့် အခုလို ပြုလုပ်ဖို့ အကြံရခဲ့တာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူရဲ့ လမ်းညွှန်အကြံပေးမှုနဲ့ သဘာဝ သန္တာကျောက်တန်းတွေ နေရာမှာ ပြန်လည် အစားထိုးနိုင်မယ့် လူလုပ် သန္တာကျောက်တန်းတွေကို အစားထိုး ချထားပေးနေတာဖြစ်ပြီး ဒီလူလုပ် သန္တာကျောက်တန်းတွေမှာ ရေနေသတ္တဝါတွေ မှီတင်းနေထိုင်ဖို့ ဆိုတာကတော့ အချိန် ၁ လကျော်ကြာခန့် ကြာမြင့်လိမ့်မယ်လို့ သိရပါတယ်။

“ကျနော်တို့ နိုင်ငံမှာက ဒီသန္တာကျောက်တန်းတွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းစောင့်ရှောက်မှု အပိုင်းမှာ အားနည်းပါတယ်။ ရေနေသတ္တဝါတွေအတွက်တော့ သန္တာကျောက်တန်းတွေဟာ အိမ်တွေလိုပါပဲ။ ကျိုးပဲ့ ပျက်စီးနေတဲ့ သန္တာကျောက်တန်းတွေမှာ သူတို့တွေ မနေနိုင်တော့ပါဘူး။ ဒီလိုမျိုး ပြုလုပ်တာကလည်း ကျနော်တတ်နိုင်သလောက်နဲ့ ရေနေသတ္တဝါတွေကို ကူညီပေးတဲ့ သဘောပါပဲ”လို့ Siddharth က အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါတယ်။

Ref. yourstory.com

You may also like these stories:

လေယာဉ်ကို အသုံးပြုပြီး ဖွင့်လှစ်မယ့် ရေအောက်ပြတိုက်

လူသားတွေကြောင့် ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ မျိုးစိတ်ပေါင်း ၁ သန်းကျော် ပျောက်ကွယ်လု နီးပါးဖြစ်

ခရီးသည် များပြားလွန်း၍ ထိုင်းသန္တာကျောက်တန်း အများအပြား ပျက်စီး

ကမ္ဘာအနှံ့ကလူတွေ ရိုက်ကူးခဲ့တဲ့ ကမ္ဘာမြေရဲ့ 10 Years Challenge ပုံရိပ်များ

Your Thoughts …
Tags: ရေနေသတ္တဝါသန္တာကျောက်တန်း အတု
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

လူတွေရဲ့ မဆင်မခြင်စွန့်ပစ်မှုတွေကြောင့် ရေနေသတ္တဝါ သန်းပေါင်းများစွာ ဒုက္ခရောက်နေရပါတယ်

၂၀၅၀ မှာ ပလတ်စတစ် အန္တရာယ်ကို ရေနေသတ္တဝါတွေ ပိုကြုံတွေ့နိုင်

by ညီညီသူ
8 February 2019
38k

ပင်လယ်အနီးအနားမှာ နေထိုင်ကျက်စားကြတဲ့ ငှက်တွေ အပါအဝင် ဖျံ၊ ဝေလငါး၊ လင်းပိုင်၊ ငါး၊ ကဏန်းနဲ့ အခြား ပင်လယ်သတ္တဝါပေါင်းများစွာဟာ လူတွေ စွန့်ပစ်ကြတဲ့အမှိုက်တွေကြောင့် သေဆုံးမှုတွေက ပိုပိုများလာနေပါတယ်။

Next Post
ကက်ရှ်မီးယားဒေသတွင်း ချထားသော အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့ဝင်များ / Reuters

ကက်ရှ်မီးယား ပြဿနာ သို့မဟုတ် အိန္ဒိယ ဝိညာဉ် ပျောက်ဆုံးခြင်း

"Mulan" ရုပ်ရှင်မှာ ပါဝင်တဲ့ မင်းသမီး Liu Yifei

ဟောင်ကောင် ရဲတပ်ဖွဲ့ဘက်ကနေ Liu Yifei ရပ်တည်ခဲ့တာကြောင့် "Mulan" ရုပ်ရှင် သပိတ်မှောက်ခံရ

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate