အမေရိကန်နိုင်ငံဟာ ကျယ်ဝန်းသလောက် လူမျိုးစုံပြီး ယဉ်ကျေးမှုတိုင်းကို တန်ဖိုးထားတဲ့ နိုင်ငံဆိုရင်လည်း မမှားပါဘူး။ သမားရိုးကျ မြင့်တွေ့နေကျ ပြတိုက်တွေ အပြင် ထူးဆန်းတဲ့ ပြတိုက်တွေကိုလည်း ပြည်နယ်တော်တော်များများမှာ တွေ့ရပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံမှာရှိတဲ့ ထူးထူးဆန်းဆန်း ပြတိုက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) တူပြတိုက် (အလက်စကာ)
အလက်စကာ ပြည်နယ်မှာ ရှိတဲ့ တူပြတိုက်ဟာ ကမ္ဘာ့ပထမဆုံး တူပြတိုက်ဖြစ်ပြီး သမိုင်းအဆက်ဆက်က တူတွေကို ပြသထားပါတယ်။ ၁၉၇၀၊ ၁၉၈၀ ဝန်းကျင်က အလုပ်သမားတွေ ကိုင်ဆောင်ခဲ့တဲ့ တူတွေကို ပြသထားပြီး ၁၉၅၀ ခုနှစ်မှာ နွားကျောင်းသားတွေ ဒီဇိုင်းဖော်ထားတဲ့ တူများကိုလည်း ပြသထားပါတယ်။
(၂) ငှက်ပျောသီး ပြတိုက် (ကယ်လီဖိုးနီးယား)
ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ငှက်ပျောသီးပြတိုက် တည်ရှိပါတယ်။ အဲဒီပြတိုက်မှာ ပြသထားတဲ့ ပစ္စည်းအားလုံးကို ငှက်ပျောသီးပုံစံ ပြုလုပ်ထားပြီး သင်စိတ်ကူးယဉ်လို့ ရသမျှ ပစ္စည်းအားလုံးဟာ ငှက်ပျောသီးပုံစံ ဖြစ်နေရမယ်လို့ ပြတိုက်က ကြော်ငြာထားပါတယ်။
(၃) အမှိုက်ကားပြတိုက် (ဖလော်ရီဒါ)
ဒီပြတိုက်မှာတော့ အမေရိကန်နိုင်ငံမှာ အသုံးပြုခဲ့ဖူးတဲ့ အမှိုက်ကားတွေကို ပြသထားပါတယ်။ အခုနောက်ပိုင်း ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အမှိုက်ကားတွေဟာ အမှိုက်သိမ်းစနစ်ပါဝင်လာတာကြောင့် ရှေးက အမှိုက်ကားတွေကို မမြင်ဖူးတဲ့ လူငယ်တွေ အတွက် ဖွင့်လှစ်ထားတာ ဖြစ်ပြီး ကားတွေကို ကြိုက်နှစ်သက်သူတွေ အတွက် အရမ်းတန်ဖိုးရှိတဲ့ နေရာဖြစ်တယ်လို့ ညွှန်းဆိုထားကြပါတယ်။
(၄) ကြက်သွန်နီ ပြတိုက် (ဂျော်ဂျီယာ)
ကြက်သွန်နီပြတိုက်မှာတော့ ကမ္ဘာတဝှမ်းက ကြက်သွန်နီတွေကို ပြသထားပြီး စီးပွားရေးလောကကို ပြောင်းလဲစေခဲ့တဲ့ ကြက်သွန်နီများနဲ့ ပုံစံဖွံ့ဖြိုးလားတဲ့ ကြက်သွန်နီများကို ပြသထားတယ်လို့ သိရပါတယ်။
(၅) အာလူးပြတိုက် ( အိုင်ဒယ်ဟို)
ကမ္ဘာအကောင်းဆုံး အာလူးထွက်ရှိရာဒေသလို့ တင်စားတဲ့ အိုင်ဒယ်ဟိုမှာ အာလူးကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြတိုက်ဖွင့်လှစ်ထားပါတယ်။ အဲဒီပြတိုက်မှာ အာလူးစိုက်ပျိုးပုံ၊ ချက်ပြုတ်ပုံ နဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုပုံများကို ပြသထားပြီး အာလူးနဲ့ ပြုလုပ်ထားတဲ့ စားစရာတွေကိုလည်း ရောင်းချပါတယ်။
Ref. rd.com
You may also like these stories:
ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ ထိုင်းရိုးရာ အနှိပ်လုပ်ငန်း
အရက်ဂိုထောင် မီးလောင်ပြီး အရက်များ မြစ်အတွင်း စီးဝင်တာကြောင့် မြစ်ထဲက ငါးတွေ သေဆုံး
ကမ္ဘာတဝှမ်းက ထူးထူးခြားခြား ရုပ်ရှင်ရုံများ
ဂျာမနီနိုင်ငံမှာသာ ရှိတဲ့ ထူးထူးခြားခြား အရာများ
တရုတ်နိုင်ငံမှာရှိတဲ့ ထူးထူးခြားခြား နေရာများ