• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

အငြိမ်းစား အသက်အရွယ်ကို ၆၅ နှစ်ထိ တိုးမြင့်ပေးတော့မယ့် စင်ကာပူနိုင်ငံ

by Aurora
22 August 2019
in Trend
A A
စင်ကာပူနိုင်ငံဟာ အစိုးရဝန်ထမ်း မဟုတ်တဲ့ ပြင်ပ အလုပ်လုပ်ခွင့် အသက်အရွယ်ကိုလည်း ၆၇ နှစ်ထိ သတ်မှတ်ထားပါတယ်

စင်ကာပူနိုင်ငံဟာ အစိုးရဝန်ထမ်း မဟုတ်တဲ့ ပြင်ပ အလုပ်လုပ်ခွင့် အသက်အရွယ်ကိုလည်း ၆၇ နှစ်ထိ သတ်မှတ်ထားပါတယ်

5.3k
VIEWS
Share on FacebookShare on Twitter

သက်ကြီးရွယ်အို ဘိုးဘွားတွေ များပြားလာတဲ့ စင်ကာပူနိုင်ငံဟာ လက်ရှိ အငြိမ်းစား အသက်ကို ၆၂ နှစ်လို့ သတ်မှတ်ထားပေမယ့် မကြာခင်မှာ ၆၅ နှစ်ထိ တိုးမြင့်ပေးတော့မယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှယ်လွန်းက သြဂုတ်လ ၁၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ စင်ကာပူနိုင်ငံ အမျိုးသားနေ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

၂၀၂၂ ခုနှစ်မှာ အနားယူရမယ့် အသက် ၆၃ နှစ်ထိ ရှိလာနိုင်ပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ အငြိမ်းစားအသက်ဟာ ၆၅ နှစ်ထိ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
431
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
207
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
729

စင်ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ သက်ရှည် ကျန်းမာသူများတဲ့ နိုင်ငံဖြစ်သလို မွေးဖွားနှုန်း ကျဆင်းမှုနဲ့ နိုင်ငံခြားသား အလုပ်သမား ကန့်သတ်ချက်တွေကြောင့် အနားယူရမယ့် အသက်အရွယ် ရောက်သော်လည်း ဆက်လက် လုပ်ကိုင်နိုင်နေဆဲ အသက်ကြီးသူတွေအတွက် အငြိမ်းစား အသက်အရွယ်ကို ထပ်တိုးပေးဖို့ ဖြစ်လာရတာပါ။

လူကြီးပိုင်း တော်တော်များများဟာ အနားယူရမယ့်အရွယ် ရောက်လာပေမယ့် ကျန်းကျန်းမာမာနဲ့ လက်ရှိအလုပ်ကနေ မနားချင်ဘဲ ဆက်လုပ်ချင်နေကြပါသေးတယ်။ လုပ်နိုင်တဲ့အရွယ်မှာ အနားယူလိုက်ရမှာကို မလိုလားကြဘူးလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

စင်ကာပူနိုင်ငံဟာ အစိုးရဝန်ထမ်း မဟုတ်တဲ့ ပြင်ပ အလုပ်လုပ်ခွင့် အသက်အရွယ်ကိုလည်း ၆၇ နှစ်ထိ သတ်မှတ်ထားတာကြောင့် လုပ်ငန်းရှင်တွေဟာ သူတို့ အလုပ်သမားတွေကို အသက် ၆၇ နှစ်အရွယ်ထိ လုပ်ခွင့်ပြုထားရပါတယ်။ ၂၀၃၀ မှာတော့ အလုပ်လုပ်ခွင့် အသက်အရွယ်ကို အသက် ၇၀ ထိ တိုးမြင့်သွားမယ်လို့ ဆိုပါတယ်။

၁၉၉၉ ခုနှစ်မှာ စင်ကာပူနိုင်ငံရဲ့ ပျှမ်းမျှအသက်ဟာ ၇၇ နှစ်ရှိတာကြောင့် အငြိမ်းစား အသက်အရွယ်ကို ၆၂ နှစ် သတ်မှတ်ထားခဲ့တာကြောင့် လူကြီးတွေဟာ ၁၅ နှစ်လောက် အငြိမ်းစားဘဝနဲ့ နေခဲ့ရပါတယ်။ အခုချိန်မှာတော့ သက်ရှည် ကျန်းမာလာကြတာကြောင့် အလုပ်လုပ်ခွင့် အသက်အရွယ်ကို ထပ်တိုးပေးဖို့ လိုအပ်လာပြီလို့ ဆိုပါ တယ်။

၂၀၂၁ အစောပိုင်းမှာတင် အစိုးရဝန်ထမ်းတွေနဲ့ အလုပ်လုပ်ခွင့် အသက်တွေ တိုးမြှင့်ချက်ဟာ မျှော်မှန်းတာ ထက်စောပြီး ဖြစ်လာနိုင်တဲ့ အခြေအနေတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စင်ကာပူနိုင်ငံ ဖွံ့ဖြိုးရေးမျှော်မှန်းချက်ဟာ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ရိုက်ခတ်ခံနေရပါတယ်။ အမေရိကန်-တရုတ် အခြေအနေသာ ဆက်လက် ဆိုးရွားလာမယ်ဆို ရင် စင်ကာပူအတွက် ထိခိုက်မှုတွေ ပိုများလာနိုင်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

Ref: Straits Times

You may also like these stories:

အသက် ၁၀၀ ကျော်အရွယ်မှာ လက်ထပ်လိုက်ကြတဲ့ အဘိုးနဲ့ အဘွား

စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပနေတဲ့ Pokemon Carnival ပွဲတော်

Your Thoughts …
Tags: စင်ကာပူနိုင်ငံသက်ကြီးရွယ်အိုအငြိမ်းစာအစိုးရဝန်ထမ်း
Aurora

Aurora

Contributor

Similar Picks:

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

by ဧရာဝတီ
23 May 2024
9.1k

ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံရတဲ့ လက်ထုတ္တောရွာခံတွေအဖို့ အရာရာကို မျက်စေ့သူငယ် နားသူငယ်နဲ့ ကြောက်ရွံနေပြီး အမြဲတမ်းစိုးရိမ်ပူပန်မှုကြီးတခု သူတို့ ရင်ထဲမှာ စွဲကပ်နေသလို ခံစားနေရပါတယ်။

ဝန်ထမ်းလစာ ၃ သောင်း တိုးခြင်းကြောင့် ဂယက်ထ

ဝန်ထမ်းလစာ ၃ သောင်း တိုးခြင်းကြောင့် ဂယက်ထ

by ဧရာဝတီ
1 August 2024
6.3k

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုအရ စစ်ကောင်စီသည် ထိုနောက်ထပ်ခွင့်ပြုငွေပေးရန် သြဂုတ်လမှ စတင်ပြီး လစဉ် ကျပ်ငွေ ၄၅၀ ဘီလီယံ သုံးစွဲရမည်ဟု သိရသည်။

အင်အားပြုန်းတီးနေသော စစ်တပ်က အငြိမ်းစားစစ်သားများကို ရှေ့တန်းပြန်ပို့မည်

အင်အားပြုန်းတီးနေသော စစ်တပ်က အငြိမ်းစားစစ်သားများကို ရှေ့တန်းပြန်ပို့မည်

by ဧရာဝတီ
15 February 2024
6k

အရန်တပ်တွင် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက ထောင် သုံးနှစ်နှင့် ငွေဒဏ် နှစ်ခုစလုံး ချမှတ်ခံရနိုင်သည်။

စင်ကာပူ နိုင်ငံဟာ ကမ္ဘာလှည့်ခရီးသည်များရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ကျွန်းနိုင်ငံ ဖြစ်ပါတယ်

စင်ကာပူနိုင်ငံမှာ လည်ပတ်စရာ နေရာများ

by ရေဗန်
10 August 2018
15.4k

စင်ကာပူလို့ ပြောလိုက်တာနဲ့ လူတွေ တန်းမြင်ယောင်ကြတဲ့ ရုပ်တုပါ။ ဒီရုပ်တုကို ငါးကိုယ်ထည် ခြင်္သေ့ခေါင်းနဲ့ ပြုလုပ်ထားပြီး ပါးစပ်မှ ရေတွေထွက်တဲ့ ရုပ်တု ဖြစ်ပါတယ်။

CDM ခယောင်းလမ်းပေါ်က အမျိုးသမီးတွေ

CDM ခယောင်းလမ်းပေါ်က အမျိုးသမီးတွေ

by ရိုးကျော်
4 February 2024
1.8k

Print & Go လို့ အမည်ပေးထားတဲ့ ဒီလုပ်ငန်းငယ်ကို လွန်ခဲ့တဲ့ ၁ နှစ်က စတင်ခဲ့ကြတာပါ။ ဒီမတိုင်ခင်တုန်းက သူတို့တွေ တယောက်နဲ့တယောက် မသိခဲ့ကြပေမယ့် မဲဆောက်ကို ရောက်လာတော့ ရှင်သန်နေထိုင်ရေးအတွက် အဖွဲ့အစည်းတွေကပေးတဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို တက်ရောက်လေ့လာကြရင်းနဲ့...

၂၀၁၉ ခု ဇူလိုင်လက မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် အိန္ဒိယနိုင်ငံ ခရီးစဉ်တွင် တွေ့ရစဉ်

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ

by ဧရာဝတီ
11 January 2022
25.5k

ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁ အရ ဗိုလ်ချုပ်ကြီးအဆင့် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်များနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တို့အား ပုံမှန်သက်တမ်း ၄ နှစ် တာဝန်ထမ်း ဆောင်ပြီးပါက အငြိမ်းစားပေး...

Next Post
အမေရိကန်မင်းသမီး Megan Fox

ကိုရီးယားရုပ်ရှင် "Battle of Jangsari" မှာ မြင်တွေ့ရမယ့် အမေရိကန်မင်းသမီး Megan Fox

စက်ရုပ်တိုက်ပွဲ

စက်ရုပ်တိုက်ပွဲ ဗီဒီယိုများကို ဖယ်ရှားလိုက်တဲ့ Youtube

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

2 days ago
5.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.7k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

    shares
    Share 0 Tweet 0
  • ဗန်းမော်ကို KIA ဘာကြောင့် မသိမ်းနိုင်သေးလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate