Trend

ဆန်နဲ့ ပီလောပီနံကို အသုံးပြုပြီး အအေးသောက် ပိုက်တွေ တီထွင်လိုက်တဲ့ မလေးရှားကုမ္ပဏီ

Want create site? Find Free WordPress Themes and plugins.

သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ အကြောင်းရင်းတွေထဲမှာ ပလတ်စတစ် အလွန်အကျွံ အသုံးပြုမှုဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ဒီလို ပလတ်စတစ် အသုံးပြုမှုကို လျှော့ချဖို့အတွက် အအေးသောက်တဲ့အခါ အသုံးပြုတဲ့ ပလတ်စတစ် ပိုက်တွေအစား ဆန်နဲ့ ပီလောပီနံကိုသာ အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ အော်ဂဲနစ် ပိုက်တွေကို မလေးရှား ကုမ္ပဏီတခုက တီထွင် ဖန်တီးလိုက်ပါတယ်။

သာမန် ပလတ်စတစ် အအေး ပိုက်တွေဟာ ဆွေးမြည့် ပျက်စီးသွားဖို့အတွက် နှစ်ပေါင်း ၅၀၀ လောက် အချိန်ယူရပြီး အခုတီထွင် ထုတ်လုပ်လိုက်တဲ့ အော်ဂဲနစ် ပိုက်တွေကတော့ ပျက်စီးဖို့အတွက် ရက်ပေါင်း ၁၀၀ ခန့်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံအခြေစိုက် Mistraws ကုမ္ပဏီဟာ သဘာဝ ကုန်ကြမ်းတွေဖြစ်တဲ့ ဆန်နဲ့ ပီလောပီနံကို ၁၀၀ ရာခိုင်နှုန်း အသုံးပြုထားတဲ့ အအေးပိုက်တွေကို သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီစေဖို့ တီထွင် ထုတ်လုပ်လိုက်တာပါ။

သဘာဝ ကုန်ကြမ်းပစ္စည်းတွေကိုသာ အသုံးပြုထားတာကြောင့် ကျန်းမာရေးအတွက်လည်း ကိုက်ညီမှု ရှိသလို ဒီအော်ဂဲနစ် ပိုက်တွေကို စားမယ်ဆိုရင်တောင် စားလို့ ရလောက်တဲ့အထိ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပိုက်တွေရဲ့ အရွယ်အစားကို ဆိုဒ် ၃ မျိုး ၃ စားခွဲကာ ထုတ်လုပ်ထားပြီး သိမ်းဆည်း သိုလှောင်ထားမယ်ဆိုရင် ၂ နှစ်ကျော်ကြာအထိ ရေရှည်ခံတယ်လို့ သိရပါတယ်။

အော်ဂဲနစ် အအေးပိုက်တွေဟာ ပလတ်စတစ် အအေးပိုက်တွေလောက်တော့ ကြာရှည်ခံမှာ မဟုတ်ပေမယ့် အချိန် ၃ နာရီကနေ ၆ နာရီလောက်အထိ အရည်ပျော် ပျက်စီးသွားခြင်း မရှိဘဲ အသုံးပြုနိုင်မှာ ဖြစ်သလို မိမိသောက်သုံးတဲ့ အရည်ကို အရသာ တစုံတရာ ပျက်ယွင်းသွားခြင်း မရှိဘဲ သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Mistraws ကုမ္ပဏီအနေနဲ့ ဒီအော်ဂဲနစ် ပိုက်တွေ ရောင်းချမယ့် ဈေးနှုန်းကို မသတ်မှတ် ရသေးပေမယ့် ပလတ်စတစ် ပိုက်တွေ ရောင်းချတဲ့ ဈေးနှုန်းနဲ့ သိပ်မကွာတဲ့ ဈေးအတိုင်း ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref. www.intelligentliving.co

You may also like these stories:

ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ မိမိကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ

အုန်းလက်နဲ့ လုပ်တဲ့ပိုက်ကို အသုံးပြုလာတဲ့ ဖိလစ်ပိုင်နိုင်ငံက ကော်ဖီဆိုင်

တကိုယ်ရေသုံး ပလတ်စတစ် ပစ္စည်းတွေ အသုံးပြုခွင့်ကို ပိတ်ပင်တော့မယ့် ကနေဒါနိုင်ငံ

Did you find apk for android? You can find new Free Android Games and apps.
Loading