မြောက်ကိုရီးယားမှာ ပထမဆုံးအနေနဲ့ Tinder ပုံစံ Dating ဆော့ဖ်ဝဲလ်ကို စတင်အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။ အထီးကျန်နေတဲ့ မြောက်ကိုရီးယားပြည်သူတွေ အဖို့တော့ အခုလို အသုံးပြုခွင့်ပေးလိုက်တဲ့ ဆော့ဖ်ဝဲလ်ကို အသုံးပြုဖို့ ငွေကြေးတတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို ထုတ်နေသူတွေလည်း ရှိနေပါတယ်။
ဒီဆော့ဖ်ဝဲလ်ကို အသုံးပြုမယ့် ပြည်သူတွေဟာ အင်္ဂလန်ပေါင် ၂၅ ပေါင် ကုန်ကျခံကာ စာရင်းသွင်းရမှာ ဖြစ်ပြီး စာရင်းသွင်းပြီးသူတွေအတွက် နိုင်ငံရဲ့ သတ်မှတ်နယ်ပယ်အတွင်းမှာ ချစ်သူ ရှာဖွေနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
” မြောက်ကိုရီးယားမှာရှိတဲ့ မြို့ကြီးတွေမှာ ဒီ ဆော့ဖ်ဝဲလ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး ဖုန်းအသုံးပြုနေတဲ့ လူငယ်တွေကြားမှာ ရေပန်းစားလာမယ့် ဆော့ဖ်ဝဲလ် တခုဖြစ်လိမ့်မယ် ” လို့ မြောက်ကိုရီးယား သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဝန်ဆောင်မှုကို လိုချင်သူတွေ အနေနဲ့ မိမိရဲ့ပုံ၊ လိုချင်တဲ့ ချစ်သူ အမျိုးအစား စတာတွေကို ရေးပြီး ပို့ပေးရမှာ ဖြစ်ပါတယ်။ ပို့ပေးလိုက်တဲ့ အချက်တွေကို အခြေခံပြီး ကျွမ်းကျင်သူတွေက ချစ်သူဖြစ်ဖို့ သင့်လျော်မယ့် အမျိုးသား ဒါမှမဟုတ် အမျိုးသမီး ရဲ့ ပုံကို ပြန်လည်ပို့ပေးတဲ့ ပုံစံနဲ့စတင်မှာ ဖြစ်ပါတယ်။
ဒီလိုပြုလုပ်မှုတွေကို ကျွမ်းကျင်ပညာရှင်တွေက အချက်အလက်တွေ ထိန်းသိမ်းပေးမှာ ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့ တရားဝင် အွန်လိုင်းငွေပေးချေမှုဖြစ်တဲ့ “Mobile Money” နဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အရင်က မြောက်ကိုရီးယားနိုင်ငံမှာ ကြင်ယာရှာဖွေချင်သူတွေဟာ လုပ်ငန်းခွင် ဒါမှမဟုတ် အစိုးရအေဂျင်စီတွေက သင့်လျော်သလို စီစဉ်ပေးတာကို ကြည်ဖြူစွာ လက်ခံရလေ့ရှိပါတယ်။ အခုလို ဖုန်းနဲ့ ချစ်သူရှာဖွေတဲ့ ဆော့ဖ်ဝဲလ်ဟာ အထီးကျန်မြောက်ကိုရီးယားပြည်သူတွေအတွက် အဆင်ပြေမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
Ref;The Sun
You may also like these stories:
ကြင်ယာဖက် ရှာပေးမယ့် Facebook Dating စတင် ထွက်ရှိ