ကနေဒါဝန်ကြီးချုပ်ဖြစ်တဲ့ Justin Trudeau နဲ့ အမေရိကန် သမ္မတကတော် Melania Trump တို့ရဲ့ နမ်းလုနမ်းခင် ပုံတပုံဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံံ့ပြီး ဝေဖန်မှုတွေ ပေါ်ထွက်နေပါတယ်။
သက်လတ်ပိုင်းသာရှိသေးပြီး အမျိုးသမီးတွေရဲ့ နှစ်သက်မှုကိုခံရတဲ့ ကနေဒါဝန်ကြီးချုပ်ဟာ ဆွဲဆောင်မှုအရှိဆုံး နိုင်ငံ့ခေါင်းဆောင်တွေထဲက တဦးဖြစ်တယ်လို့ အားလုံးက လက်ခံထားကြပါတယ်။
တွေ့ဆုံပွဲတခုမှာ နိုင်ငံခေါင်းဆောင်တွေ နှုတ်ဆက်ကြတဲ့ အချိန်မှာ အခုလို ဓာတ်ပုံထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ Donald Trump ကို လက်တွဲထားပြီး အခုလို ပြုမူလိုက်တာဟာ နိုင်ငံရဲ့ သိက္ခာကို ကျဆင်းစေတယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။
နိုင်ငံတကာက တွစ်တာအသုံးပြုသူတွေဟာလည်း ” ပိုက်ဆံရှိတိုင်း အချစ်ကို ရချင်မှ ရနိုင်မှာပါ သမ္မတကြီး။ အမေရိကန် သမ္မတ ကတော်က ကနေဒါဝန်ကြီးချုပ်ကို ကြည့်သလို သင့်ကို ကြည့်တဲ့ သူကို လက်ထပ်ပါ။ အချစ်တွေက လေထဲမှာ ရှိနေတယ် ” စတဲ့ အရွှန်းဖောက်မှုတွေနဲ့ ဝေဖန်နေကြပါတယ်။
Ref;irishtimes
You may also like these stories:
နယူးဇီလန် လွှတ်တော် ဆွေးနွေးပွဲအတွင်း ကလေး ထိန်းပေးခဲ့တဲ့ လွှတ်တော် ဥက္ကဋ္ဌ
သမ္မတ Donald Trumpကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ အဆိုတော် John Legend
အိမ်ဖြူတော်မှာ သမ္မတ Donald Trump နဲ့ တွေ့ဆုံခဲ့တဲ့ Kim Kardashian