Trend

ဧဝရက်တောင်ဝန်းကျင် ပလတ်စတစ်အသုံးပြုမှုကို တားမြစ်တော့မည်

Want create site? Find Free WordPress Themes and plugins.

ပလတ်စတစ်တွေကို လူတွေနေ့စဉ်အသုံးပြုလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း လမ်းကြိုလမ်းကြား တွေတင် မကတော့ဘဲ လူစည်ကားရာလမ်းမကြီးတွေနဲ့ လူတွေရောက်ရှိရာ ဒေသတိုင်းမှာ ပလတ်စတစ်တွေကို တွေ့ရှိလာရပါတယ်။

ပြီးခဲ့တဲ့မေလအတွင်းကလည်း ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ကနေ အမှိုက်တန်ချိန် ၁၁ တန်ကျော်ကို နီပေါအစိုးရက ရှင်းလင်းခဲ့ရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အမြင့်ဆုံးတောင် ကြီးဟာ ကမ္ဘာ့အမြင့်ဆုံးအမှိုက်ပုံကြီး သဖွယ် ဖြစ်ခဲ့ရပါတယ်။

ဒီအခြေအနေတွေနောက်ထပ်မဖြစ်အောင် နီပေါအစိုးရက ဧဝရက်တောင်ဝန်းကျင်မှာ တခါသုံး ပလတ်စတစ်အသုံးပြုမှုကို တားမြစ်ပါတော့မယ်။  တားမြစ်မှုမှာပါဝင်တာကတော့ တခါသုံး ပလတ်စတစ်တွေသာမဟုတ်ဘဲ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ သောက်ရေဘူးတွေ လည်းပါဝင်မှာ ဖြစ်ပါတယ်။

နီပေါအစိုးရအနေနဲ့ တားမြစ်ချက်ချိုးဖောက်သူတွေကို ဘယ်လိုပြစ်ဒဏ်ပေးရမလဲဆိုတာ မဆုံးဖြတ် ရသေးပါဘူး။ ဒါပေမဲ့ တောင်တက်လုပ်ငန်းလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေ ၊ လေကြောင်းလိုင်းတွေ ၊ နီပေါတောင်တက်အသင်းတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်သွားဖို့ရှိနေပါတယ်။ နီပေါအစိုးရကတော့ ဒီတားမြစ်ချက်ကို ၂၀၂၀ ဇန်နဝါရီ ၁ ရက်ကနေ စတင်လုပ်ဆောင်သွားပါလိမ့်မယ်။

 

ပလတ်စတစ်ပြဿနာဟာ တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ပြဿနာဖြစ်ပါတယ်။ ဒါကြောင့်လည်းနိုင်ငံ တကာမှာ ပလတ်စတစ်အသုံးပြုတာကို တားမြစ်လာကြပါတယ်။

အိန္ဒိယနိုင်ငံ မီးရထားဌာနကလည်း ဘူတာနဲ့ မီးရထားပေါ်မှာ တခါသုံး ပလတ်စတစ်တွေကို အသုံးမပြုဖို့ တားမြစ်ထားပါတယ်။ အောက်တိုဘာ ၂ ရက်နေ့ဟာ မဟတ္တမဂန္ဒီရဲ့ နှစ် ၁၅၀ ပြည့်မွေးနေ့ဖြစ်တဲ့အတွက် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ တနိုင်ငံလုံး တခါသုံးအမှိုက်တွေကို မစွန့်ပစ်ကြဖို့ ဝန်ကြီးချုပ်နာရန်ဒရာမိုဒီက တောင်းဆိုခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုလေဆိပ်မှာဆိုရင်လည်း ပလတ်စတစ်နဲ့လုပ်ထားတဲ့ ရေဘူးတွေကိုရောင်းချခွင့် ပိတ်ပင်ခဲ့ပါတယ်။ ပလတ်စတစ်အသုံးပြုတာကို တားမြစ်ရတဲ့အကြောင်းကတော့ လူတွေရဲ့ ကျန်းမာရေးကြောင့်လည်းဖြစ်သလို သဘာဝပတ်ဝန်းကျင်ပျက်စီးမသွားဖို့ ရည်ရွယ်တာလည်း ဖြစ် ပါတယ်။

Ref:snewsnet,kiwi

You may also like these stories:

ဧဝရက် တောင်တက်သမားတွေ သေဆုံးပြီးနောက် နီပေါနိုင်ငံက စည်းမျဉ်းအသစ်များ ထုတ်ပြန်

ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချပေးနိုင်မယ့် ကမ္ဘာတဝှမ်းက ထူးခြားကောင်းမွန်တဲ့ ပရောဂျက်များ

ဧဝရက်တောင်အပြင် မြောက်အမေရိကရဲ့ အမြင့်ဆုံးတောင် Denali ကို ထပ်တက်ခဲ့တဲ့ ထိုင်းအမျိုးသမီး

နီပေါနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအကြောင်း တစေ့တစောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading