Jessi Combs လို့ အမည်ရတဲ့ ပြိုင်ကားမောင်းသူ အမျိုးသမီးဟာ သူတင်ထားတဲ့ ကားမောင်းအမြန်ဆုံး စံချိန်ကို ပြန်ချိုးဖို့ ကြိုးစားရင်း အင်္ဂါနေ့မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၉ နှစ်ရှိပြီ ဖြစ်တဲ့ သူမဟာ အမေရိကန်ပြည်ထောင်စု အော်ရီဂွန် ပြည်နယ် Alvord ကန္တရမှာ ယာဉ်မတော်တဆမှု ဖြစ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံ ရဲဌာနရဲ့ ရဲမှူးက ပြောပါတယ်။
” သူမက အရမ်းတော်တဲ့ သူပါ။ ကားမောင်းတော်တဲ့သူ၊ အင်ဂျင်နီယာကောင်းတယောက်ဖြစ်သလို သူကျွမ်းကျင်တဲ့ နယ်ပယ်မှာလည်း စံထားအတုယူရတဲ့ သူ တယောက်ပါ ” လို့ သူမနဲ့အတူ ရုပ်သံအစီအစဉ်တခုမှာ အတူတွဲပြီး အလုပ်လုပ်ဖူးတဲ့ Adam Savage က ပြောပါတယ်။
Jessi ဟာ ၂၀၁၃ ခုနှစ်က ပြုလုပ်တဲ့ North American Eagle Supersonic Speed Challenger ပြိုင်ပွဲမှာ ကားမောင်းနှုန်း ၁နာရီကို ၃၉၈ မိုင်နှုန်းနဲ့ ကမ္ဘာ့အမြန်ဆုံး အမျိုးသမီး ကားမောင်းသူ စံချိန်တင်ခဲ့ပါတယ်။ အဲဒီနှစ်ရဲ့ အောက်တိုဘာလမှာပဲ ၁နာရီကို ၄၈၃ မိုင်နှုန်းအထိ သူ့စံချိန်ကို သူပြန်ချိုးခဲ့ပါသေးတယ်။
၂၀၁၉ ခုနှစ်မှာတော့ အရင်က တင်ထားဖူးတဲ့ စံချိန်ကို ထပ်ချိုးဖို့ ကြိုးစားရင်း မတော်တဆဖြစ်ကာ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ သေဆုံးမှုဟာ Four Wheel ကားမောင်းပြိုင်သူတွေအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှု တခုဖြစ်တဲ့ အပြင် သူမရဲ့ ပရိသတ်တွေကလည်း နှမြောတသ ဖြစ်နေတယ်လို့ သိရပါတယ်။
Ref;CNN
You may also like these stories:
ဒုတိယ အိမ်ထောင်ပြုလိုက်တဲ့ မင်းသားကြီး The Rock
အပျော်တမ်း စိန်ရှာထွက်ရာမှ အဖိုးတန် စိန်တုံးကို ရှာတွေ့ခဲ့တဲ့ အမျိုးသမီး
“Women Riders World Relay” ခရီးစဉ်တွင် မြန်မာအမျိုးသမီး ဆိုင်ကယ်သမားများ ပါဝင်မည်