ကြောင်ချစ်သူတွေဟာ သူတို့ မွေးထားတဲ့ အချစ်တော် ကြောင်လေးတွေ၊ ဒါမှမဟုတ် သွားရင်းလာရင်း တနေရာရာမှာ တွေ့လိုက်တဲ့ ကြောင်လေးတွေနဲ့ အတူတကွ Selfie ဓာတ်ပုံ ရိုက်ကူးပြီး ဆိုရှယ်မီဒီယာပေါ်တင်ချင်ကြတာပါ။
ဒါပေမဲ့ ဓာတ်ပုံ ရိုက်တဲ့အခါ ငြိမ်ငြိမ် မနေတတ်တဲ့ ကြောင်တွေကြောင့် မကြာခဏ ဆိုသလို ဓာတ်ပုံကောင်းကောင်း မရတတ်သလို ကြောင်တွေ အနေနဲ့ကလည်း အတင်းပွေ့ချီပြီး ဓာတ်ပုံ ရိုက်ခံရတာကြောင့် စိတ်ရှုပ်ထွေးပြီး ကုတ်ခြစ်မိတတ်ကြပါတယ်။
ကြောင်ချစ်သူတွေ ကြုံတွေ့ရလေ့ရှိတဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဟောင်ကောင်မှာနေထိုင်တဲ့ ကြောင်ချစ်သူ အမျိုးသားတဦးက ကြောင်တွေနဲ့ Selfie ဓာတ်ပုံ ရိုက်ကူးတဲ့အခါ အခက်အခဲ မရှိစေမယ့် Cat Selfie Device ဆိုတဲ့ ပစ္စည်းတခုကို တီထွင်လိုက်နိုင်ပါပြီ။
ဓာတ်ပုံ ရိုက်ကူးတဲ့အခါ ကြောင်တွေဟာ ကင်မရာကို တည့်တည့် မကြည့်ဘဲ သူတို့လုပ်ချင်ရာ လုပ်နေတတ်တာကြောင့် Selfie ဓာတ်ပုံ ရိုက်ကူးဖို့ အဆင်မပြေဖြစ်နေရတဲ့ ကြောင်ချစ်သူတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ ဒီ Cat Selfie Device ဟာဆိုရင် လတ်တလော ကမ္ဘာတဝှမ်းက ကြောင်ချစ်သူတွေကြား ရေပန်းစားနေပါတယ်။
ဒီ Cat Selfie Device ဟာ ကြောင်ပုံစံရှိတဲ့ ခရမ်းရောင် အသေးစား ကိရိယာတမျိုးဖြစ်ပြီး ဘယ်လို စမတ်ဖုန်းအမျိုးအစားမျိုးမှာမဆို အလွယ်တကူ တပ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။
ကြောင်ပုံစံ ရှိတဲ့ ဒီ Cat Selfie Device ရဲ့အလယ်မှာ တွဲလောင်းကျနေတဲ့ ခေါင်းလောင်းငယ်တခု ပါဝင်ပြီး ဒါဟာ ဓာတ်ပုံ ရိုက်တဲ့အခါ ကင်မရာကို မကြည့်ဘဲ လှုပ်ရှားနေတတ်တဲ့ ကြောင်တွေအတွက် အဓိက ဆွဲဆောင်ထားနိုင်တဲ့ အရာတခုပဲ ဖြစ်ပါတယ်။
စမတ်ဖုန်းအားလုံးနဲ့ Tablet တွေမှာ တပ်ဆင်နိုင်တဲ့ ဒီ Cat Selfie Device မှာ ပါရှိတဲ့ တွဲလောင်းကျနေတဲ့ ခေါင်းလောင်းငယ်ကိုပဲ ဓာတ်ပုံ ရိုက်ကူးတဲ့အခါ ကြောင်တွေဟာ အာရုံ စိုက်မိနေမှာ ဖြစ်တာကြောင့် Selfie ပုံလှလှ မရရှိမှာ စိတ်ပူနေစရာ မလိုတော့ပါဘူး။
လက်ရှိမှာတော့ Cat Selfie Device ကို ၁၃ ဒေါ်လာခန့်နဲ့ Amazon.com မှာ ရောင်းချနေတာဖြစ်ပြီး ကြောင်ချစ်သူတွေ ဝယ်ယူမှုများနေတဲ့ ပစ္စည်းတခုလည်း ဖြစ်ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
ကိန်းစ် ရုပ်ရှင်ပွဲတော်မှာ Selfie ဓါတ်ပုံရိုက်ကူးမှု တားမြစ်ထားသော်လည်း မလိုက်နာသူများ ရှိနေ
Selfie ကြောင့် သေဆုံးမှု များလာတဲ့အတွက် ‘Selfie မရိုက်ရ ဇုန်များ’ သတ်မှတ်ရန် တောင်းဆို
Xiaomi နဲ့ Meitu တို့ ပူးပေါင်းကာ Selfie အသားပေး CC ဖုန်းစီးရီးအသစ်ကို မိတ်ဆက်မည်