Economist Intelligence Unit (EIU) က ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ လုံခြုံစိတ်ချမှု အရှိဆုံးမြို့ကြီး ၁၀ မြို့ကို ရွေးချယ်ခဲ့ကြပါတယ်။ တိုက်ကြီး ၅ တိုက်ကနေ နိုင်ငံပေါင်း ၆၀ ရဲ့ မြို့ကြီးတွေကို စစ်တမ်း ကောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။
ကမ္ဘာမှာ လုံခြုံစိတ်ချမှု အရှိဆုံးမြို့တွေကတော့ —
၁။ တိုကျို
၂။ စင်ကာပူ
၃။ အိုဆာကာ
၄။ အမ်စတာဒမ်
၅။ ဆစ်ဒနီ
၆။ တိုရန်တို
၇။ ဝါရှင်တန်ဒီစီ
၈။ ကိုပင်ဟေဂင်
၉။ ဆိုးလ်
၁၀။ မဲလ်ဘုန်းမြို့တို့ပဲ ဖြစ်ပါတယ်။
စာရင်းထဲမှာတော့ အာရှတိုက်က မြို့ကြီး ၄ မြို့၊ သြစတေးလျတိုက်က မြို့ ၂ မြို့၊ ဥရောပတိုက်က ၂ မြို့နဲ့ မြောက်အမေရိကတိုက်က ၂ မြို့တို့ ရွေးချယ်ခံရပါတယ်။ လုံခြုံစိတ်ချမှု အရှိဆုံး အဆင့်သတ်မှတ်တဲ့ နေရာမှာ အဓိက ကဏ္ဍ ၄မျိုးဖြစ်တဲ့ ဒစ်ဂျစ်တယ် နည်းပညာ၊ အခြေခံ အဆောက်အအုံ၊ ကျန်းမာရေးနဲ့ လုံခြုံမှုရှိရေးတို့ကို အလေးထား စိစစ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒုတိယအဆင့် သတ်မှတ်ခံရတဲ့ စင်ကာပူနိုင်ငံကတော့ အခြေခံ အဆောက်အအုံ လိုအပ်ချက်နဲ့ လုံခြုံရေးကဏ္ဍတွေမှာ ပထမအဆင့် ဖြစ်ခဲ့ပေမယ့် ဒစ်ဂျစ်တယ် နည်းပညာပိုင်းမှာ ဒုတိယနဲ့ ကျန်းမာရေးအပိုင်းမှာတော့ ထိပ်ဆုံးအဆင့် မဝင်ခဲ့ပါဘူး။ ပထမနေရာမှာ ရှိနေတဲ့ တိုကျိုမြို့ကတော့ နည်းပညာပိုင်းဆိုင်ရာ အမြင့်ဆုံးအဆင့်မှာ ရှိခဲ့ပြီး တခြားအဆင့်တွေမှာလည်း ထိပ်ဆုံးစာရင်းဝင်ခဲ့ပါတယ်။
“နေထိုင်သူ တယောက်ချင်းစီရဲ့ ကြွယ်ဝချမ်းသာမှုကလည်း လုံခြုံစိတ်ချရတဲ့ အခြေခံအချက် ဖြစ်လာသလို ၊ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ အုပ်ချုပ်ရေးပိုင်းတွေက အပြန်အလှန် ဆက်စပ်မှု ရှိနေတယ်”လို့ EIU ရဲ့ စီနီယာအယ်ဒီတာ နာကာကွန်ဒိုက ပြောပါတယ်။
အာရှ-ပစိဖိတ်နိုင်ငံတွေဟာ ကျန်းမာရေး၊ အခြေခံ အဆောက်အအုံနဲ့ လုံခြုံရေးအပိုင်းမှာ အားသာသလို၊ မြောက်အမေရိကနိုင်ငံတွေကတော့ ဒစ်ဂျစ်တယ်နည်းပညာအပိုင်းမှာ အနည်းငယ် သာလွန်တယ်လို့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။
အာရှ-ပစိဖိတ်နိုင်ငံတွေထဲမှာ ဂျပန်၊ စင်ကာပူ၊ အိုဆာကာတို့က လုံခြုံစိတ်ချမှု အရှိဆုံးဇယားမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပေမယ့် မြန်မာနိုင်ငံက ရန်ကုန်မြို့၊ ပါကစ္စတန်နိုင်ငံက Karachi မြို့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက Dhaka မြို့တွေကတော့ ဇယားရဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတယ်လို့ သိရပါတယ်။
Ref: CNA
You may also like these stories:
အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ အကောင်းဆုံးနဲ့ အညံ့ဆုံး လေဆိပ်များ
အာရှမှာရှိတဲ့ အံ့သြလောက်ဖွယ် အလှဆုံးနေရာများ
ကမ္ဘာလှည့်ခရီးသွားတွေ မဲပေးရွေးချယ်ခဲ့တဲ့ အာရှတိုက်ရဲ့ အလှဆုံးနေရာများ
ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်များ တည်ရှိရာ မြို့ကြီးများ