စကော့တလန်နိုင်ငံ၊ Glasgow မြို့မှာ နေထိုင်တဲ့ Jillian ဆိုတဲ့ အမျိုးသမီးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံ တပုံဟာ အွန်လိုင်မှာ လူအများကို သဘောကျစေခဲ့ပါတယ်။ သူတင်ခဲ့တဲ့ ဓာတ်ပုံကတော့ သူ့ရဲ့ အသက် ၅ နှစ်အရွယ် သမီးလေး Lucie ရဲ့ပုံ ဖြစ်ပြီး၊ Lucie ရဲ့ ကျောင်းမသွားခင်ပုံနဲ့ ကျောင်းက ပြန်လာပြီးတဲ့ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။
မူကြို စတက်တဲ့ သမီးဖြစ်သူ Lucie က “ကျောင်းမှာ ဘာမှ သိပ်မလုပ်ခဲ့ပါဘူး”လို့ မိခင်ဖြစ်သူကို ပြောပါတယ်။ နွေရာသီ ကျောင်းပိတ်ပြီး ကျောင်းပြန်တက်တဲ့ ပထမဆုံးနေ့ဟာ ကလေးတွေအတွက် အခက်အခဲတွေ ရှိပါတယ်။ အနောက်နိုင်ငံက မိဘတော်တော်များများဟာ ကလေးတွေ ပထမဆုံး ကျောင်းတက်မယ့် နေ့မှာ အလှဓာတ်ပုံ ရိုက်လေ့ ရှိပါတယ်။
၅ နှစ်သမီး Lucie ဟာလည်း ပထမဆုံး ကျောင်းတက်ရမယ့်နေ့မှာ သူ့ရဲ့ အစ်ကိုဖြစ်သူနဲ့ ဂုဏ်ယူပျော်ရွှင်စွာ ဓာတ်ပုံ ရိုက်ခံပြီးမှ ကျောင်းကို သွားခဲ့ပါတယ်။ ကျောင်းက ပြန်လာချိန်မှာတော့ ကျောင်းဝတ်စုံဟာ ဖရိုဖရဲဖြစ်နေပြီး ဆံပင်တွေကလည်း ဖွာလန် ကျဲနေပါတယ်။ ခြေအိတ်ကလည်း ဖြစ်ချင်တိုင်း ဖြစ်နေပြီး ကျောပိုးအိတ်ကို လက်က သယ်လာတဲ့ Lucie ရဲ့ ပုံကို မိခင်ဖြစ်သူက ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တာဖြစ်ပါတယ်။
မိခင်ဖြစ်သူကို ဒေသခံ သတင်းဌာနတွေက ဓာတ်ပုံနဲ့ ပတ်သက်ပြီး အင်တာဗျူးတဲ့အခါ “ကျမ သမီးက တကယ်တော့ တော်တော်လေး ရှက်တတ်တာ။ သူ့ အစ်ကိုနားမှာ နေရင်တော့ ပျော်နေတာပဲ။ အခုလည်း ကျောင်းတက်ရတာ တော်တော် ပျော်ခဲ့တဲ့ပုံပဲ။ ပင်လည်း ပင်ပန်းလာတယ် ထင်ပါတယ်”
“ကျမက သူ့ကို မေးတော့ သိပ်မဆော့ခဲ့ဘူးလို့ သူက ပြောသေးတာ။ ဆော့လား မဆော့လား ဆိုတာကတော့ ဓာတ်ပုံက သက်သေပါပဲ”လို့ ဖြေကြားခဲ့ပါတယ်။
Ref. People.com
You may also like these stories:
ဇနီးအတွက် မွေးနေ့ဆုတောင်း ပို့စ်မှာ ရုပ်ဆိုးဆိုး ဓာတ်ပုံတွေ တင်ခဲ့တဲ့ မင်းသား Ryan Reynolds
အလှကုန်ပစ္စည်းတွေ စတင် ရောင်းချတော့မယ့် မင်းသမီး Millie Bobby Brown