ဓမ္မတာအတိုင်း သေဆုံးတာမျိုး မဟုတ်ဘဲ နှစ်စဉ် လူ ၈ သိန်းလောက် ကိုယ့်ကိုယ်ကို သတ်သေ နေကြပါတယ်။ ဒါကြောင့်လည်း စက္ကန့် ၄၀ မှာ လူ ၁ ယောက်နှုန်း ကိုယ့်ကိုယ့်ကို သတ်သေနေကြပါတယ်။ လူတွေ သေဆုံးရခြင်း အကြောင်းအရင်းတွေထဲမှာ ဒီနည်းလမ်းက ဒုတိယအများဆုံး နည်းလမ်းတခု ဖြစ်နေပါတယ်။
ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ အသက် ၁၅ နှစ် နဲ့ ၂၉ နှစ်ကြား လူငယ်တွေက ကိုယ့်ကိုယ်ကို သတ်သေတဲ့ နည်းလမ်းတွေကို အလွယ်တကူ ပြုလုပ်လာကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း အမေရိကန်ပြည်ထောင်စုမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့နှုန်း နည်းပါခဲ့ပေမယ့် အခုဆိုရင်တော့ ၂၅ ရာခိုင်နှုန်း တိုးလာပါတယ်။
၁၀ စုနှစ်တစု အတွင်းမှာဆိုရင်လည်း အသက် ၁၀ နှစ်နဲ့ ၁၇ နှစ်ကြားက လူငယ်တွေမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်နှုန်းက ကြောက်ခမန်းလိလိ တိုးလာခဲ့ပါတယ်။ ၁၀ စုနှစ်တစု အတွင်းမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုနှုန်း တိုးလာတာ ၇၀ ရာခိုင်နှုန်း အထိ ရှိခဲ့ပါတယ်။
ရောဂါထိန်းချုပ်ရေးစင်တာရဲ့ အစီရင်ခံစာအရ အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ် လူပေါင်း ၁၂၁ ယောက် ကိုယ့်ကိုယ့်ကို အဆုံးစီရင်မှုဖြင့် သေဆုံးနေရပြီး ၉၃ ယောက်က အမျိုးသားတွေ ဖြစ်ကြပါတယ်။
သုတေသန ပြုလုပ်ထားချက်တွေအရ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ အမျိုးသမီး အရေအတွက်လည်း ၂ ဆ မြင့်တက်လာခဲ့ပါတယ်။ အသက် ၈ နှစ်နဲ့ ၂၅ နှစ်အရွယ်ရဲ့ ၈ ဒဿမ ၈ ရာခိုင်နှုန်းကလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်နေကြပါတယ်။
လူငယ် ၃၂ ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားနေရပြီး ဒီအချက်ကလည်း လူငယ်တွေ သတ်သေနေကြတဲ့ အကြောင်းအရင်း တချက်ပါ။ အမေရိကန်ပြည်ထောင်စုမှာတင်ပဲ လိင်တူချစ်သူတွေ သတ်သေမှုနှုန်းက ၄ ဆ မြင့်မားလာခဲ့ပြီး အငြိမ်းစား စစ်မှုထမ်းဟောင်း ၂၀ လောက် နေ့စဉ် ကိုယ့်ကိုယ်ကို သတ်သေနေကြပါတယ်။
ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ ကိစ္စဟာ နေရာ ၁ နေရာ၊ နိုင်ငံ တနိုင်ငံမှာသာ ကွက်ဖြစ်နေတာ မဟုတ်ဘဲ တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂ အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု အများဆုံး နိုင်ငံတွေကတော့ —
၁။ လစ်သူယေးနီးယား
၂။ ရုရှား
၃။ ဂိုင်ယာနာ
၄။ တောင်ကိုရီးယားနဲ့
၅။ ဘီလာရပ်စ်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။
Ref. Twloha, World Population Review
You may also like these stories:
“13 Reasons Why” စီးရီးမှ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ ဇာတ်ဝင်ခန်းကို Netflix ပယ်ဖျက်
အမေရိကန်ပြည်ထောင်စုရဲ့ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှု အမြင့်ဆုံးပြည်နယ်
၂၀၁၈ ခုနှစ် အတွင်း ဧရာဝတီတိုင်း၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ ၁၉၀ ကျော်ရှိ
Suicide လုပ်ပြီးနောက် ငွေကြေး အထောက်အပံ့ လိုအပ်နေတဲ့ အပြာမင်းသမီး Honey Gold