ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဟာ ဆေးခြောက်ပင် အမျိုးအစား တချို့က ရရှိတဲ့ အစေ့နဲ့ အဆီတွေကို မူးယစ်ဆေးနဲ့ စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများ ဥပဒေ ကဏ္ဍ ၅ ကနေ ပယ်ထုတ်လိုက်ပြီလို့ သိရပါတယ်။
ဒီလိုပြုလုပ်ရတာဟာ နိုင်ငံရဲ့ စီးပွားရေးကို ပိုမိုတိုးတက်လာစေနိုင်ပြီး အခုခွင့်ပြုလိုက်တဲ့ ဆေးခြောက်အမျိုးအစားအချို့ကနေ အဝတ်အစား၊ စားစရာနဲ့ အလှကုန်ပစ္စည်းတွေကို ပြုလုပ်ရောင်းချနိုင်မှာ ဖြစ်လို့ တိုင်းပြည်ဝင်ငွေ ပိုမိုကောင်းလာဖို့ ယုံကြည်တယ်လို့ ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဆေးခြောက်လျှော်ပင် အမျိုးအစားဖြစ်တဲ့ Hemp ကို တရားဝင်သုံးစွဲခွင့်ပေးမှာ ဖြစ်ပါတယ်။ ပန်းနဲ့ ရိုးတံမှာ THC ဓာတ် ၀ ဒဿမ ၅ ရာခိုင်နှုန်းသာ ပါဝင်တဲ့ Cannabis sativa L အပင်နဲ့ အစေ့မှာ THC ဓာတ် ၀ ဒဿမ ၃ရာခိုင်နှုန်းသာ ပါဝင်တဲ့ Hemp ကို သုံးစွဲခွင့်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အသစ် ရေးဆွဲလိုက်တဲ့ ဥပဒေအရ သုံးစွဲခွင့် ပေးထားတဲ့ ဆေးခြောက်လျှော်ပင်တွေဟာ သတ်မှတ်ထားတဲ့ မူးယစ်မှုရာနှုန်းထဲမှာ ရှိရမှာ ဖြစ်ပြီး ခွင့်ပြုပေးထားတဲ့ ဆေးခြောက်လျှော်ပင်ကို အခြောက်ခံ သောက်သုံးခြင်း၊ အမျှင်များထုတ်ပြီး အသုံးအဆောင် ပြုလုပ်ခြင်း၊ ရိုးရာဆေးဝါး ထုတ်လုပ်ခြင်း စတဲ့ နေရာမှာ အသုံးပြုခွင့် ရရှိသွားမှာပါ။
ဆေးခြောက်လျှော်ပင်မှာ ပါရှိတဲ့ CBC ဓာတ်ဟာ ဆေးဝါးထုတ်လုပ်ဖု့ိအတွက် ကောင်းမွန်ကြောင်းကို သုသေသနတွေ ပြုလုပ်ပြီး ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့က စတင်ပြီး ဒေသတွင်း ခွင့်ပြုမိန့် ကိုင်ဆောင်ထားသူတွေကို ဆေးခြောက်က ရရှိတဲ့ ထုတ်ကုန်တွေကို အသုံးပြုခွင့် ပေးခဲ့ပြီးနောက်မှာတော့ ထိုင်းနိုင်ငံအစိုးရဟာ ချင်းမိုင်၊ ချင်းရိုင်၊ နမ်၊ တက်ခ် နဲ့ ဖက်ခဘန် ခရိုင်တွေမှာ စိုက်ပျိုးမိန့်တွေ ချမှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ယစ်မျိုးထိန်းချုပ်ရေး ဌာနရဲ့ အတွင်းရေးမှူးအရာရှိကတော့ “ပြည်သူအနေနဲ့ Marijuana မျိုးနွယ် ဆေးခြောက်ကိုတော့ စိုက်ပျိုးခွင့် မရှိသလို တင်ပို့ရောင်းချခွင့်တွေ မရှိဘူး။ ခွင့်ပြုမိန့် မရှိဘဲ သုံးစွဲတာတွေကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်”လို့ ပြောပါတယ်။
Ref. Bangkokpost
You may also like these stories:
ကင်ဆာ ရောဂါသည်များအတွက် ဆေးခြောက်ဆေးဝါး စတင်ဖြန့်ဝေလိုက်တဲ့ ထိုင်းနိုင်ငံ
ဖီဂျီနိုင်ငံမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ကျောင်းသားတွေကို ဘယ်လို ကိုင်တွယ်သလဲ
နာကျင် ကိုက်ခဲမှုတွေကို ကုသဖို့ ထုတ်လုပ်လိုက်တဲ့ ဆေးခြောက်ပီကေ
မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံရတဲ့ ထိုင်းအဆိုတော်ဟောင်း