သမားရိုးကျ ရှိရင်းစွဲ အလုပ်တခုကနေ မိမိရဲ့ ကိုယ်ပိုင်လုပ်ငန်းတခု စတင်လုပ်ကိုင်တဲ့အခါ လူတိုင်းလိုလို အကျိုးအမြတ်နဲ့ မိမိရဲ့လုပ်နိုင်စွမ်းအပေါ် အနည်းနဲ့ အများဆိုသလို စိုးရိမ်မကင်းဖြစ်တတ်ကြပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ပိုင်လုပ်ငန်းတခု စတင်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
(၁) မိမိနဲ့ အသင့်တော်ဆုံး လုပ်ငန်းကို ရွေးချယ်ပါ
ကိုယ်ပိုင်လုပ်ငန်းတခု စတင်လုပ်ကိုင်တော့မယ်ဆိုရင် ပထမဦးဆုံး ပြုလုပ်ရမှာကတော့ မိမိနဲ့ သင့်တော်ပြီး ကိုယ်တကယ် လုပ်ချင်စိတ်ရှိတဲ့ အလုပ်မျိုးကို ရွေးချယ်ဖို့ပါ။ မိမိမှာရှိတဲ့ အရင်းအနှီး၊ ဈေးကွက်သဘာဝနဲ့ သင့်တော်မယ့် အလုပ်မျိုးကို ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။
(၂) မိမိထက် အတွေ့အကြုံရှိသူတွေဆီက သင်ယူပါ
လုပ်ငန်းတခု စတင်လုပ်ကိုင်တော့မယ်ဆိုရင် ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး မိမိကို အကူအညီပေးနိုင်မယ့်သူ၊ အကောင်းဆုံး အကြံဉာဏ်ပေးနိုင်မယ့်သူတွေဆီကနေ ပြန်လည်သင်ယူသင့်ပါတယ်။ ဒါမှသာ ကောင်းမွန်တဲ့ နည်းစနစ်တွေနဲ့ ဈေးကွက်အနေအထားကို သိရှိပြီး ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
(၃) မိမိနဲ့ လုပ်ငန်းချင်းတူသူတွေကို အမြဲလေ့လာပါ
လုပ်ငန်းတခု စတင်လုပ်ကိုင်နေပြီဆိုရင် သက်သောင့်သက်သာနဲ့ အရင်က နေသလို နေလို့ မရတော့ပါဘူး။ မိမိနဲ့ လုပ်ငန်းချင်းတူသူတွေ ဘယ်လို ဝန်ဆောင်မှုမျိုးတွေ ပေးနေလဲ၊ သူတို့ရဲ့လက်ရှိအနေအထားက ဘယ်လိုမျိုးလဲ စတာတွေကို လေ့လာပြီး မိမိလုပ်ငန်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်သင့်ပါတယ်။
(၄) ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်အောင် ဂရုစိုက်ပါ
ကိုယ်ပိုင်လုပ်ငန်းတခု မလုပ်ခင်က သင့်အနေနဲ့ ဘယ်လိုပဲ လူတွေနဲ့ အရောတဝင် ပြောဆိုဆက်ဆံတာမျိုး မရှိပါစေ၊ အလုပ်တခု စတင်လုပ်ကိုင်နေပြီဆိုရင်တော့ ထိုက်သင့်တဲ့ ပြောဆိုဆက်ဆံမှု၊ ရင်းနှီးကျွမ်းဝင်မှုတွေကို ပြုလုပ်တတ်ဖို့ ကလည်း အရေးကြီးပါတယ်။
(၅) မိမိကိုယ်ကို ယုံကြည်ပါ
လုပ်ငန်းမစခင်က ဖြစ်တတ်တဲ့ “ငါလုပ်နိုင်ပါ့မလား၊ ရှုံးများရှုံးသွားနိုင်လား၊ ဒီအလုပ်နဲ့ငါနဲ့ အဆင်ပြေပါ့မလား” စတဲ့ အတွေးတွေကို ဖယ်ပြီး မိမိကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ မိမိလုပ်ငန်းကို အကောင်းဆုံးအကြံဉာဏ်တွေ၊ ကြိုတင်ပြင်ဆင်မှုတွေနဲ့ စတင်သင့်ပါတယ်။
Ref. www.businessinsider.com