Trend

အသားကင် ညှော်နံ့ နံတာကြောင့် အိမ်နီးချင်းကို တရားစွဲခဲ့တဲ့ အမျိုးသမီး

Want create site? Find Free WordPress Themes and plugins.

သြစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ နေထိုင်တဲ့ အမျိုးသမီးတဦးဟာ အသားကင် ညှော်နံ့နံတာကြောင့် အိမ်နီးချင်းကို တရားစွဲခဲ့တယ်လို့ သိရပါတယ်။

Cilla Carden လို့ အမည်ရတဲ့ အမျိုးသမီးဟာ ဘေးအိမ်က အသားကင်ခြင်း၊ ညှော်နံ့နံခြင်း၊ ဆူညံခြင်းနဲ့ ကလေးများ အော်ဟစ်ခြင်းတို့ကြောင့် အခုလို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ခုံရုံးတင် စစ်ဆေးတဲ့ အခါမှာတော့ သူ့ရဲ့ တရားစွဲဆိုမှုဟာ ယုတ္တိ မရှိခြင်းနဲ့ သက်သေ မရှိခြင်းတို့ကြောင့် ပယ်ချခံခဲ့ရပါတယ်။

သက်သတ်လွတ်စားတဲ့ Cilla Carden ကတော့ ” အသားညှော်နံ့တွေ ချည်းပဲ။ ကျမ နှာခေါင်းထဲမှာ ငါးကင်တဲ့ အနံ့တွေ ရနေတာ။ ကိုယ့်အိမ်နောက်ဖေးကိုတောင် မသွားရဲလောက်အောင်ပဲ”လို့ ဒေသခံ သတင်းဌာနတွေကို ပြောပါတယ်။

တရားရုံးကတော့ သူ တိုင်တန်းတာဟာ လက်ခံနိုင်စရာ မရှိကြောင်း၊ ပတ်ဝန်းကျင်မှာ အခြားလူတွေနဲ့ နေထိုင်တဲ့အချိန် အနည်းငယ် ဆူညံတာကိုတော့ လက်ခံပေးသင့်ကြောင်း စတာတွေကြောင့် အမှုကို ပယ်ဖျက်လိုက်ပါတယ်။

တရားလိုဖြစ်သူဟာ နယ်မြေတရားရုံးရဲ့ ပယ်ချခံရပြီးနောက် ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ နိုင်ငံတော် တရားရုံးအထိ တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပယ်ချခြင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူကတော့ တရားစွဲဆိုမှုတွေကို ဆက်လက် ပြုလုပ်သွားဦးမယ်လို့ သြစတြေးလျနိုင်ငံ အခြေစိုက် သတင်းစာတွေကို ပြောကြားခဲ့ပါတယ်။

Ref. BBC

You may also like these stories:

အလွန်အကျွံ တွန်ကျူးတာကြောင့် တရားစွဲခံရတဲ့ ပြင်သစ်နိုင်ငံက ကြက်ဖလေး Maurice

ကင်ဆာ ဖြစ်ချင်ယောင်ဆောင်ပြီး အလှူခံခဲ့တဲ့ အမျိုးသမီးကို တရားစွဲဆို

ရေနစ်နေတဲ့ ခိုးဝင်ဒုက္ခသည်ကို ကူညီမိလို့ ထောင်ဒဏ်နှစ် ၂၀ ချခံရမယ့် အမျိုးသမီး

Did you find apk for android? You can find new Free Android Games and apps.
Loading