မြေဖြူခဲဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ အရာတခုပါ။ ငယ်စဉ်တုန်းက စာသင်ခန်းထဲမှာပဲ တွေ့မြင်နေကျ မြေဖြူခဲဟာ အိမ်မှုကိစ္စတွေမှာလည်း အသုံးဝင်ပါတယ်။ ဒါကြောင့်မို့လို့ အိမ်မှုကိစ္စတွေအတွက် မြေဖြူရဲ့ လူသိနည်းတဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) သံချေးတက်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်
အိမ်မှာရှိတဲ့ သံနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတချို့ဟာ အစိုဓာတ် အနည်းငယ် ရရှိရုံနဲ့ သံချေးတက်နိုင်ပါတယ်။ ဒီလို မဖြစ်ရအောင် သံနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သံချေး မတက်ခင်တည်းက မြေဖြူနဲ့ အရင်ပွတ်ထားနိုင်သလို သံချေးတက်ပြီးသားတွေဆိုရင်လည်း မြေဖြူနဲ့ ပွတ်ပြီး သန့်ရှင်းပေးနိုင်ပါတယ်။
(၂) ပုရွက်ဆိတ်တွေကို ဖယ်ရှားပေးနိုင်တယ်
အိမ်ရဲ့နေရာအနှံ့မှာ တွေ့ရတတ်တဲ့ ပုရွက်ဆိတ်တွေဟာ အသုံးအဆောင်ပစ္စည်းတွေ၊ စားစရာတွေပေါ် ရှိနေတဲ့အခါ ပိုးသတ်ဆေးထက်ပိုပြီး ထိရောက်တာကတော့ မြေဖြူပဲ ဖြစ်ပါတယ်။ ပုရွက်ဆိတ်တွေ ရှိတဲ့နေရာတဝိုက်ကို မြေဖြူမှုန့် ဒါမှမဟုတ် မြေဖြူခဲနဲ့ ရေးခြစ်ပြီး ကာကွယ် တားဆီးနိုင်ပါတယ်။
(၃) ငွေရောင် အသုံးအဆောင်တွေကို ပြန်လည် တောက်ပစေနိုင်တယ်
အိမ်မှာရှိတဲ့ ဇွန်းအပါအဝင် မီးဖိုချောင်သုံးပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ အရောင် မှေးမှိန်လာနိုင်ပါတယ်။ ဒီလိုတွေ မဖြစ်ပေါ်ရအောင် ဇွန်းအပါအဝင် မီးဖိုချောင်သုံး အသေးအဖွဲ ပစ္စည်းတွေ ထည့်တဲ့ ဘူးထဲကို မြေဖြူတခဲလောက် ထည့်ထားပေးရုံနဲ့ အသစ်အတိုင်း ပြန်လည် တောက်ပလာစေနိုင်မှာပါ။
(၄) အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်တယ်
အဝတ်အစားတွေပေါ်က အစွန်းအထင်းတွေကို ဖယ်ရှားချင်ရုံလောက်နဲ့ အစွန်းချွတ်ဆေး အသုံးပြုစရာ မလိုပါဘူး။ အဝတ်အစားတွေပေါ်က အစွန်းကွက်တွေပေါ်ကို မြေဖြူခဲနဲ့ ပွတ်တိုက်ကာ ၁၀ မိနစ်ခန့် ထားပေးပြီးမှ ဆပ်ပြာနဲ့ ပြန်လည် လျှော်ဖွပ်ပေးရုံနဲ့ အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
Ref. brightside.me
You may also like these stories:
ဘယ်လိုနေရာတွေမှာ ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချမလဲ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
သင်မသိသေးတဲ့ ဘီယာရဲ့အသုံးဝင်ပုံ (၇) ချက်