၁၉၉၀ ခုနှစ်မှာ မီနီစီးရီး ရုပ်ရှင်အဖြစ်နဲ့ ၂၀၁၇ ခုနှစ် ရုပ်ရှင်ဇာတ်ကားတကားအဖြစ်ပါ အောင်မြင်မှု ရရှိခဲ့တဲ့ အမေရိကန် စာရေးဆရာ Stephen King ရေးသားခဲ့တဲ့ IT ရုပ်ရှင်ဟာ သမိုင်းတလျှောက်မှာ ဝင်ငွေအများဆုံးရရှိတဲ့ Horror ရုပ်ရှင်ဇာတ်ကား ကောင်းတကား ဖြစ်ပါတယ်။
IT ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင် “IT : Chapter 2” ဟာလည်း သိပ်မကြာခင် အချိန်အတောအတွင်းမှာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
IT ရုပ်ရှင်ဇာတ်ကားထဲက Pennywise နဲ့ သူကိုင်ဆောင်ထားတဲ့ အနီရောင် မိုးပျံပူဖောင်းဟာ Horror ရုပ်ရှင် ကြိုက်နှစ်သက်သူတွေအတွက် အမြင်အာရုံထဲမှာ စွဲထင်နေတဲ့ သင်္ကေတတခုလို့လည်း ပြောလို့ရပါတယ်။ Pennywise ဟာ ကလေးတွေကို ခြောက်လှန့်ခါနီးတိုင်း သူ့ရဲ့ Trademark ဖြစ်တဲ့ အနီရောင် မိုးပျံပူဖောင်းတွေ အရင် ထွက်ပေါ်လာလေ့ ရှိတာကလည်း ဇာတ်ကားရဲ့ စိတ်ဝင်စားစရာ အချက်တချက်ပါ။
Horror ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်သက်သလို ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာပါဝင်တဲ့ ချောက်ချားစရာ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူ စုဆောင်းလိုသူတွေအတွက် Zavvi ကုမ္ပဏီကနေ Pennywise ရဲ့ အနီရောင် မိုးပျံပူဖောင်းပုံစံ မီးအိမ်ကို မကြာခင် ထုတ်လုပ်ရောင်းချတော့မှာဖြစ်ပါတယ်။
လာမယ့် ဟောလိုးဝင်း ပွဲတော်အမီ ထုတ်လုပ် ရောင်းချသွားမယ်လို့ သိရပြီး ဈေးနှုန်းအနေနဲ့ ၂၉ ဒဿမ ၉၉ ပေါင် ကျသင့်မယ်လို့ သိရပါတယ်။ ဒီအနီရောင် မိုးပျံပူဖောင်း မီအိမ်ကို ဧည့်ခန်းနဲ့ စာကြည့်ခန်းတွေမှာ ထားရှိနိုင်ဖို့ အဓိက ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်ပြီး မီးအိမ်ကို ဖွင့်လိုက်တဲ့အခါ ထွက်ရှိလာတဲ့ သွေးနီရောင်တောက်တောက် မီးရောင်က ထိတ်လန့် ချောက်ချားစရာ ကောင်းနေစေမှာပါ။
Zavvi ကုမ္ပဏီရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ ဒီမီးအိမ်ဟာ ၃၄ စင်တီမီတာ အရှည်ရှိပြီး ကုန်ကြမ်းအနေနဲ့ Recycle ဖြစ်တဲ့ ပလတ်စတစ်တွေကို အသုံးပြုထားတယ်လို့ သိရပါတယ်။
Ref. moon-child.net
You may also like these stories:
Halloween ညမှာ ဖြစ်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ တကယ့်အဖြစ်အပျက်များ
ဟောလိုးဝင်း (Halloween) အကြောင်း လူသိနည်းတဲ့ အချက် ၅ ချက်