Trend

ကြည့်ပြီးသား ရုပ်ရှင်တွေကို မကြာခဏ ပြန်ကြည့်ခြင်းဟာ စိတ်ကျန်းမာရေး ကောင်းမွန်စေနိုင်

Want create site? Find Free WordPress Themes and plugins.

ကြည့်ပြီးသား ရုပ်ရှင်တွေကို မကြာခဏဆိုသလို ပြန်ပြီး ကြည့်တတ်ကြတဲ့ အကျင့်မျိုး သင့်မှာ ရှိပါသလား။ တကယ်လို့ သင်ဟာ ငယ်စဉ် ကလေးဘဝ အရွယ်တုန်းက ကြည့်ခဲ့ပြီးသား ရုပ်ရှင်တွေကို အခုအချိန်မှာ ပြန်ကြည့်မယ်၊ ဖတ်ပြီးသား စာအုပ်တွေကို ပြန်ဖတ်တတ်သူဆိုရင်တော့ သင်ဟာ အတိတ်မှာ ကျန်ခဲ့တဲ့ စိတ်ချမ်းမြေ့ ပျော်ရွှင်မှုတွေကို ပြန်လည် ရယူလိုသူတဦး ဖြစ်တယ်လို့ စိတ်ပညာရှင်တွေရဲ့ လေ့လာမှုတွေက ဆိုပါတယ်။

တခါတရံမှာ မိမိကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေ၊ ဒိုင်ယာလော့တွေကအစ ရုပ်ရှင်ဇာတ်ကား တခုလုံးကို အလွတ်ရလုနီးပါး မကြာခဏ ပြန်ကြည့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတခု မဟုတ်ပါဘူး။

ဒီလို မကြာခဏဆိုသလို ကြည့်ပြီးသား ရုပ်ရှင်တွေကို ပြန်ကြည့်ခြင်းဟာ မိမိရဲ့ စိတ်ချမ်းသာမှုကို ကိုယ်တိုင် ရှာဖွေတတ်သူရဲ့ အကျင့်စရိုက် တမျိုးဖြစ်ပြီး စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်တယ်လို့ စိတ်ပညာရှင်တွေက လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။ လူအများစုဟာ မိမိကို စိတ်ချမ်းသာစေနိုင်မယ့် အကြောင်းအရာတွေကို တနည်းမဟုတ် တနည်းနဲ့ ရှာဖွေတတ်ကြပါတယ်။

ဒီလို ရှာဖွေကြတဲ့ နည်းလမ်းပေါင်းများစွာထဲကမှ ကြည့်ပြီးသား ရုပ်ရှင်တွေကို ခဏခဏ ပြန်ကြည့်တတ်တဲ့ အလေ့အကျင့်ဟာ စိတ်ခံစားမှုတွေကို ပိုမိုကောင်းမွန်စေပြီး ပထမဆုံးအကြိမ် ဒီရုပ်ရှင်ကို ကြည့်တုန်းက ရရှိတဲ့ ခံစားမှုမျိုးနဲ့ ခံစားမှုအသစ်တွေ ထပ်မံရရှိတာကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်တယ်လို့ စိတ်ပညာ လေ့လာသူတွေက ရှင်းလင်း ပြောဆိုထားကြပါတယ်။

မိမိအကြိုက်ဆုံး ရုပ်ရှင်တွေကို ခဏခဏ ပြန်ကြည့်တာ၊ ဖတ်ပြီးသား စာအုပ်တွေကို ပြန်ဖတ်တာတွေဟာ စိတ်ခံစားမှုကို ပိုမို ကောင်းမွန်စေတဲ့အပြင် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု များခြင်းတို့ကို လျှော့ချပေးနိုင်တာကြောင့် ဒီနည်းလမ်းကို စိတ်ကုထုံးတခု အနေနဲ့ စိတ်ပညာရှင်တွေဟာ အသုံးပြုလာကြပါတယ်။

ဒါဟာ အတွင်းစိတ်နဲ့ ပြန်လည် ဆက်သွယ်တဲ့ နည်းလမ်းကောင်းတခု ဖြစ်သလို အသစ်အသစ်သော စိတ်ခံစားမှုတွေကို ထပ်မံ ရရှိစေတာကြောင့် သင့်အနေနဲ့ သင်အကြိုက်ဆုံး ရုပ်ရှင်တွေကို ပြန်လည် ကြည့်ရှုတာမျိုးကို ရံဖန်ရံခါ ဆိုသလို ပြုလုပ်သင့်ပါတယ်။

Ref. Thoughtcatalog.com

You may also like these stories:

စိတ်ဖိစီးမှု များပြီး စိတ်မပျော်ရွှင်ဘူးဆိုတာ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ လက္ခဏာများ

ရည်းစားဟောင်းကြောင့် ငိုကြွေးခြင်းက ကိုယ်အလေးချိန် လျော့ကျစေနိုင်ကြောင်း လေ့လာတွေ့ရှိ

မကောင်းတဲ့ အကျင့်လို့ သတ်မှတ်ထားပေမယ့် ကျန်းမာရေးအတွက် ကောင်းတဲ့အကျင့်များ

Did you find apk for android? You can find new Free Android Games and apps.
Loading