တရုတ်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၂နှစ်အရွယ် စီးပွားရေးသမား ဟွမ်ယုဟာ သူအရမ်းချစ်ရတဲ့ ကြောင်ကလေးကို မခွဲနိုင်တာကြောင့် ပုံတူကိုယ်ပွားတခုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ ဆီးလမ်းကြောင်း ပိုးဝင်ပြီး သေဆုံးခဲ့တဲ့ ကြောင်ကလေး ဂါးလစ်ကို အိမ်အနီးအနားမှာ ရှိတဲ့ သင်္ချိုင်းမှာ မြုပ်ပြီးနောက် ကြောင်ကလေးရဲ့ သေဆုံးမှုဟာ သူ့ပေါ့လျော့မှုကြောင့် ဖြစ်တယ်လို့ ခံစားရတဲ့အတွက် ပြန်လည် တူးဖော်ပြီး ကိုယ်ပွားပြုလုပ်ဖို့ စိတ်ကူးမိခဲ့တာ ဖြစ်ပါတယ်။
“ကျနော့် အတွက်တော့ သူက အစားထိုးမရပါဘူး”လို့ ဟွမ်ယုက သတင်းဌာနတွေကို ဖြေကြားခဲ့ပါတယ်။ အခုလို ကြောင်ကလေး ဂါးလစ်ရဲ့ ကိုယ်ပွားပြုလုပ်ဖို့ အတွက် ဘေကျင်းအခြေစိုက် တိရစ္ဆာန်ကိုယ်ပွားပြုလုပ်တဲ့ ကုမ္ပဏီတခုနဲ့ ချိတ်ဆက်ပြုလုပ်ခဲ့ရပြီး အမေရိကန်ဒေါ်လာ ၃၅,၀၀၀ ခန့် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
အခုလို ပုံတူကိုယ်ပွား ပြုလုပ်ဖို့ အတွက် သေဆုံးပြီး ခဲနေတဲ့ ကြောင်ကလေးဆီက ဆဲလ်တွေကို ယူပြီး စမ်းသပ်မှု အဆင့်ဆင့်နဲ့ ပြုလုပ် ဖန်တီးခဲ့ရတာ ဖြစ်ပါတယ်။ သိပ္ပံနည်းကျ စမ်းသပ်မှုတွေကို ၇ လကျော်ခန့် ပြုလုပ်ပြီးနောက်မှာတော့ ဟွမ်ယုက သူချစ်တဲ့ ကြောင်ကလေး ဂါးလစ်နဲ့ ၉၀ ရာခိုင်နှုန်းခန့် တူညီတဲ့ ကြောင် Clone (ကိုယ်ပွား) ကို ရရှိခဲ့ပါတယ်။
အိမ်မွေး တိရစ္ဆာန်များကို ကိုယ်ပွား ပြုလုပ်ခြင်းကို အမေရိကန်နဲ့ တရုတ်နိုင်ငံက လွဲလို့ နိုင်ငံတော်တော်များများမှာ ခွင့်ပြုထားခြင်း မရှိဘူးလို့ သိရပါတယ်။
Ref. mothership.sg
You may also like these stories:
ကြောင်ချစ်သူတွေ ကြောင်နဲ့ Selfie လှလှ ရိုက်နိုင်ဖို့ တီထွင်လိုက်တဲ့ Cat Selfie Device
ကြောင်စာကျွေးလို့ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီး
“Pet Sematary” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ကြောင်လေး ကွယ်လွန်
ဒေါသထွက်တဲ့ ရုပ်လေးကြောင့် အင်တာနက်မှာ နာမည်ကြီးတဲ့ ကြောင်လေး သေဆုံး